Senna FHD

Senna

Drama FHD 2024-11-29 8.2

ကားဆိုပြိုင်ကားမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်ရှယ်ကြည့်လို့ကောင်းစေမဲ့ Formula One ပြိုင်ကားတွေနဲ့ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Mini Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။Series နာမည်ကတော့ Senna ဖြစ်ပြီးလက်ရှိ IMDb Rating 8.6 အထိတောင်ရရှိထားတာဖြစ်ပါတယ်။ဒီ Series လေးကဘယ်သူ့အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာလည်းဆိုရင်တော့ အိုင်ယာတွန်ဆန်နာဒီဆေးလ်ဗားဆိုတဲ့ Formula Oneချန်ပီယံရှစ်ကို ၃ ထပ်ကွမ်းရရှိခဲ့တဲ့ဂန္တဝင် ဘရာဇီးပြိုင်ကားသမားကြီးအပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ဒီ Series မှာဆိုရင်တော့သူ့ကိုကလေးဘ၀ကတည်းက အဖေ့ခြေရာနင်းပြီး ပြိုင်ကားလောကကိုအရမ်းစိတ်ဝင်စားလာခဲ့တဲ့ ကောင်လေးတစ်ယောက်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီး သူ့သွေးထဲမှာလည်းပြိုင်ကားမောင်းတဲ့သွေးတွေအပြည့်စီးဆင်းနေခဲ့ပါတယ်။ဒီလိုနဲ့အရွယ်နည်းနည်းရောက်လာတဲ့အခါမှာ Mario-Kart ထဲကလိုပြိုင်ကားသေးသေးလေးတွေကိုစမောင်းခဲ့ပြီး ပြိုင်ပွဲတွေမှာတခြားကလေးတွေကိုအမြဲတမ်းကျော်တက်ပြီး ပထမနေရာကိုသိမ်းနေကျဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာလည်းပြိုင်ပွဲတွေဆက်ယှဉ်ပြိုင်ခဲ့ပြီးသူ့ရဲ့အရည်အချင်းကိုထုတ်ဖော်ပြသဖို့သူငယ်ချင်းကအကြံပေးလာတဲ့အခါမှာတော့ အင်္ဂလန်မှာကျင်းပတဲ့ Formula Ford ဆိုတဲ့ Formula Oneကိုဝင်ပြိုင်ဖို့လမ်းစတစ်ခုကိုရွေးချယ်ဖြစ်ခဲ့ပါတော့တယ်။မိဘဖြစ်သူနဲ့မိန်းမကို Formula Ford တစ်ရာသီပြီးရင် ဘရာဇီးပြန်လာမယ်လို့ကတိပေးခဲ့တဲ့အတိုင်းပြန်လာခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်းတွေကိုအပြည့်အ၀ပြသခဲ့တဲ့ Formula Ford ချန်ပီယံဆိုတဲ့နေရာကြောင့်ပိုမြင့်တဲ့ Formula 2000 မှာဝင်ပြိုင်ဖို့အပြင် Formula One ကိုဝင်ပြိုင်ဖို့အိပ်မက်ကလည်းလမ်းစပေါ်လာခဲ့တဲ့အတွက်ချက်ချင်းပြန်လာခဲ့ပြီးနောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Formula One မှာချန်ပီယံဖြစ်ဖို့ကြိုးစားပုံတွေကို အခက်အခဲပေါင်းစုံ အနိမ့်အမြင့်မျိုးစုံနဲ့ပြိုင်ကားချစ်သူတွေအတွက် စိတ်ဝင်စားစရာကြည့်ရှုရမဲ့Mini Series လေးပဲဖြစ်ပါတယ်။ 

အပိုင်းများ

Season - 1