Before FHD

Before

Drama Mystery FHD 2024-10-24 6.9

ဒီဇာတ်လမ်းလေးကတော့ အခုမှ အသစ်ထွက်ရှိထားတဲ့ Thriller ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Eli လို့ခေါ်တဲ့ ကလေးစိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ သူ့မိန်းမ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးနောက် အရင်လိုအလုပ်ကိုမလုပ်နိုင်တော့ဘဲ လေ‌လွင့်နေတဲ့သူတစ်ယောက်ပါ။အိမ်မက်ဆိုးတွေကလည်းအမြဲခြောက်လှန့်နေပြီး သူကိုယ်တိုင်တောင် ဆရာဝန်ပြနေရတဲ့အဆင့်ဖြစ်နေပါတယ်။ တစ်နေ့ Noah လို့ခေါ်တဲ့ကောင်လေးက ထူးထူးဆန်းဆန်း သူ့အိမ်ကိုရောက်လာပြီးသူ့ကိုတစ်ခုခုပြောချင်နေခဲ့ပါတယ်။ Noah ဟာ အမည်မသိအရာဝတ္ထုတွေကိုမြင်နေရလို့ စိတ်ဒါဏ်ရာဖြစ်ကာ စကားပါမပြောတော့တဲ့ကလေးတစ်ယောက်ပါ။ဒီလိုနဲ့ Noah လေးကို Eli တစ်ယောက် တာဝန်ယူကုသရပါတော့တယ်။ ဒီလိုနဲ့ Noah လေးကရော ဘာဖြစ်နေတာလဲ။Eli ရဲ့အတိတ်နဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးကိုကြည့်ရင်းအဖြေရှာသွားဖို့ အကြံပေးချင်ပါတယ်။IMDb မှာလည်း 6.3 လောက်ထိရရှိထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်လို့ လက်လွှတ်မခံဘဲစောင့်ကြည့်သင့်ပါတယ်