Cha Dong-Tak (Cho Jung-Seok) ဟာ တရားမျှတမှုအတွက်အသက်ပေးဆိုတောင်ပေးရဲတဲ့ ဖြောင့်မတ်တဲ့ စုံထောက်တစ်ယောက်ပါ။တစ်ရက်…အမှုတစ်ခုကို လိုက်ရင်းနဲ့ Gong Soo-Chang(Kim Sun-ho) ဆိုတဲ့ဉာဏ်ကောင်းပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူလိမ်တစ်ယောက်နဲ့မတော်မဆဖြစ်ပြီး ဝိဉာဉ်ချင်း လဲသွားပါတော့တယ်။လူသတ်ပါတယ်လို့ စွပ်စွဲခံရတဲ့ လူလိမ် Gong Soo-Chang ကရောစုံထောက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး နာမည်ကို ဘယ်လိုပြန်အဖက်ဆယ်သွားမလဲ?ဖြောင့်မတ်တဲ့ စုံထောက်ဟာ မတတ်သာတော့ဘဲ လူလိမ်နဲ့ ပူးပေါင်းပြီးတော့အမှုတွေ အရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ?တစ်ဖက်မှာလည်း သတင်းရေးဖို့ စိတ်အားထက်သန်တဲ့ သတင်းထောက်လေး Song Ji-An(Hyeri) ကရော သတင်းနှိုက်ဖို့အတွက် သူတို့ရဲ့နောက်ကို လိုက်ရင်း ဘယ်လိုရိုမန့်တစ်ဇာတ်လမ်းလေးတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို ရိုက်ကူးပြသထားတဲ့သုံးယောက်ပေါင်းလောင်းကျော် ခွီနေရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့်ခံစားကြည့်ရှုကြည့်ပါဦးနော်…