A Man on the Inside FHD

A Man on the Inside

Comedy Crime FHD 2024-11-21 7.6

နာမည်ကျော် comic actor Ted Dansonရဲ့မြူးမြူးကြွကြွစုံထောက်ဇာတ်လမ်းတွဲသစ်လေးဖြစ်တဲ့ A Man on the Insideဒီကားလေးကတော့ ပင်စင်ယူသွားပြီဖြစ်တဲ့ တက္ကသိုလ်ပါမောက္ခတစ်ယောက်ရဲ့အလွတ်တမ်းစုံထောက်ဘဝကို ရိုက်ကူးထားတဲ့The mole agent ဆိုတဲ့ Documentary လေးကို ပြန်ရိုက်ကူးထားတာပါ။ချားစ်တစ်ယောက် ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီး အလုပ်ကလည်းပင်စင်ယူသွားပြီဆိုတော့ တစ်ယောက်တည်းအိမ်မှာပဲအောင်းနေပြီးတော့ဘာမှမလုပ်မကိုင်ဘဲ အထီးကျန်ဘဝကို ဖြတ်သန်းနေရတာပေါ့။သမီးဖြစ်သူကလည်း ကိုယ့်အိမ်ထောင် ကိုယ့်မိသားစုနဲ့ဖြစ်နေပြီမလို့ချားစ်ကိုပဲ အချိန်မပေးနိုင်တဲ့အခါမှာ စကားပြောဖော်သူငယ်ချင်းလည်းမရှိနေတဲ့ချားစ်အတွက် စိတ်ပူနေတာပေါ့ဒီလိုနဲ့ သမီးဖြစ်သူက ချားစ်ကို စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပြီး ချားစ်ကိုအလုပ်ပြန်လုပ်ဖို့ တွန်းအားပေးပြီးတဲ့နောက်မှာ ချားစ်တစ်ယောကအလွတ်တမ်းစုံထောက်အေဂျင်စီက ဂျူလီရဲ့အလုပ်ခေါ်စာကိုတွေ့ပြီးအလုပ်သွားပြန်လျှောက်ရာကနေ သက်ကြီးဂေဟာတစ်ခုကပတ္တမြားလည်ဆွဲပျောက်ဆုံးမှုကြီးကို စုံစမ်းရဖို့ ဖြစ်လာချိန်မှာတော့….