Star Wars: Skeleton Crew FHD

Star Wars: Skeleton Crew

စတားဝေါ စကြဝဠာရဲ့ နောက်ထပ် စီးရီးအသစ်တစ်ခုလာပါပြီ။မင်းသားကြီး Jude Law ပါဝင်ထားပြီး ကလေးသရုပ်ဆောင်လေးယောက်ကိုအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။အချိန်အရတော့ The Return of the Jedi အပြီးအင်ပါယာကျဆုံးပြီးချိန်နောက်ပိုင်း ပြည်ထောင်စုသစ် ကာလတစ်ခုထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ဒီတော့ မန်ဒါလိုရီးရန်း တို့ အာရှိုးကာတို့နဲ့ လိုအပ်ရင် ချိတ်ဆက်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းပြည်ထောင်စုသစ် စနစ်အောက်က ဂြိုလ်တစ်ခုမှကျောင်းတက်နေတဲ့ နီးနဲ့ ဝင်းဆိုတဲ့ ကျောင်းသားသူငယ်ချင်းနှစ်ယောက်ဟာတစ်နေ့မှာ တောထဲမှာမြှပ်နေတဲ့ယာဉ်ကြီးတစ်ခုကို တူးမိသွားပါတယ်။သူတို့တွေနဲ့ အပြိုင်တူးမိတဲ့ ကျောင်းသူနှစ်ယောက် ဖန်း နဲ့ ကေဘီတို့နဲ့အတူလေးယောက်သား ယာဉ်ကြီးနဲ့ပါသွားပြီးဂလက်ဆီကြီးထဲကဂြိုလ်တွေထဲမှာ လမ်းပျောက်သွားပါတော့တယ်။အဲဒီကနေ အိမ်ပြန်နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရင်း ပြည်ထောင်စုသစ်နဲ့အင်ပါယာရဲ့ အရှုပ်တော်ပုံ ကြားထဲရောက်သွားတဲ့အခါ