Cinderella Game 신데렐라 게임 FHD

Cinderella Game 신데렐라 게임

Drama FHD 2024-12-02 8.3

ဒီဇာတ်လမ်းတွဲရှည်မှာတော့ Marriage Not Dating မှ မင်းသမီး Han Groo၊Queen Of Tears မှ မင်းသမီးကြီး Na Young Hee နဲ့ Choi Sang , Kwon Do Hyun တို့မှအဓိကပါဝင်ထားပြီး လက်စားချေတဲ့ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူတွေအကြိုက်တွေ့စေမဲ့ မိသားစု ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-Koo Ha-Na (Han Groo) ကတော့ တစ်ကိုယ်တည်းသမားဖြစ်ပြီး မိသားစုရဲ့အားကိုးအားထားရာ သမီးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။မိသားစုကို ထောက်ပံ့ဖို့ ကိုယ့်ရောစိတ်ပါနှစ်မြှုပ်ထားတဲ့ သူမဟာ တစ်ရက် သူဟာ သူ့မိသားစုရဲ့သမီးအရင်းမဟုတ်ဘူးဆိုတဲ့ ထိတ်လန့်ဖွယ် အမှန်တရားကို သိလိုက်ရပါတော့တယ်။ဒါ့အပြင် လက်ရှိမိသားစုက သူ့ မိဘအရင်းရဲ့ ရန်သူတွေဖြစ်လို့နေပြီး သူမကိုလက်ရှိ မိဘအတုတွေက အသုံးချထားမှန်းကိုပါ သိလိုက်ရပါတော့တယ်။ဒီလိုအဖြစ်မှန်တွေကို သိသွားတဲ့သူဟာ စိတ်ထိခိုက်ပြီး သူမကို လိုသုံးလုပ်ထားတဲ့မိသားစုကို လက်စားချေဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့…ဇာတ်လမ်းတွဲရှည်တွေကို နှစ်သက်သူတွေ အကြိုက် လူတွေရဲ့ စိတ်အမျိုး အဖုံဖုံအပြင်အားရပါးရ လက်စားချေတာတွေကိုပါ ကြည့်ရှုရမှာဖြစ်လို့အပတ်စဥ် တနင်္လာမှသောကြာအထိ အတူ ရှုစားလိုက်ရအောင်နော်။