You Would Do It Too FHD

You Would Do It Too

Crime Mystery FHD 2023-04-26 7.3

၉၁၁ ကို ဖုန်းဝင်လာတယ်၊ ဘယ်သူလဲ မပြောဘူး အသံတချို့သာ ကြားနေရတယ်၊“ပစ်လေ ပစ်လိုက်ပါ” “မင်းခေါင်းကို ပစ်ဖောက်ခွဲပစ်မယ်” “ဒီဖက်ကို လမ်းပြောင်းလိုက်စမ်း”စသဖြင့် သံသယဖြစ်စရာများနဲ့ ဖုန်းဝင်ရောက်လာမှုကြောင့်သဲလွန်စတွေနဲ့အတူ ရဲတွေ ခြေရာခံခဲ့တယ်။အဲဒီမှာ လေဆိပ်နဲ့ မြို့ထဲတစ်နေရာ ပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီးကိုနေရာတစ်ခုမှာ ရပ်ထားတာတွေ့တယ်။အထဲမှာက ကျားမ အရွယ်စုံ လူပေါင်းစုံ ၆ ယောက် ရှိနေတယ်။သေဆုံးနေတဲ့လူက ၃ ယောက်။ ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတဲ့လူတစ်ယောက်က ရှိနေသေးတယ်။ဘာတွေဖြစ်ခဲ့တာလဲ ဘာကြောင့်လဲဆိုပြီး ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ခက်ခဲနက်နဲတဲ့အမှုကြီးကို စုံထောက်ဖြစ်သူ ဖရန်ဂါဇာနဲ့ ဇာတ်လမ်းရှိဖူးသူ အရာရှိရေဘက္ကာတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် Disney Plus ကနေ တင်ဆက်ပေးထားတဲ့ စပိန်စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။Money Heist ထဲမှာ မော်စကိုနေရာက ဘဲကြီးလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်ဗျာ။