The One Piece FHD

The One Piece

သင့်ပတ်ဝန်းကျင်က သူတွေ One Piece ကို ကြည့်ဖို့ တိုက်တွန်းတာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ကြားဖူးကြမှာပါ။Peak Fiction, Greatest Anime of All Time, Best Manga, Best World Buildingဒီလို ဂုဏ်သတင်းတွေ အများကြီးနဲ့ ကျော်ကြားတဲ့One Piece ဟာ Oda sensei ရဲ့ Manga ကို Adapt လုပ်လာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။Anime အပြင် Live Action အထိပါ အောင်မြင်တဲ့ ရှားရှားပါးပါး ဇာတ်လမ်းတစ်ခုပါ။ဒီလောက်အကြာကြီး အပိုင်းတွေ အများကြီးနဲ့ ဇာတ်လမ်းတစ်ခုကို လူတွေ ဘာကြောင့် အခုချိန်တွေ ကြိုက်နေကြတာလဲဘာလို့ စိတ်မပျက်ကြသေးတာလဲအဖြေကတော့ ရှင်းပါတယ် အဲဒီလောက်ကို ကောင်းလို့ပါ။ဒီလိုမျိုးအောင်မြင်ပြီး BIG 3 ထဲက ထုတ်လွှင့်မှု အကြာဆုံး ဇာတ်လမ်းတစ်ခုမှာအားနည်းချက်အကြီးကြီး တစ်ခုရှိနေပါတယ်အဲဒါကတော့ အပိုင်း အရမ်းများတာပါထွက်ရှိဆဲ Manga ကနေ Anime ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးအခုနောက်ပိုင်းလို Season တွေခွဲပြီး ထုတ်လေ့မရှိတဲ့ အချိန်တည်းက အပတ်စဥ် ထုတ်လွှင့်ခဲ့တာ ဖြစ်လို့ဇာတ်လမ်းက အရမ်းကြာသလိုဖြစ်ပြီး အပိုင်းတွေ အရမ်းများတဲ့ အတွက်အခုမှ စကြည့်မယ့်သူတွေအတွက် စကြည့်ဖို့ကို လက်တွန့်နေစေခဲ့ပါတယ်အခုတော့ အဲဒီ အားနည်းချက်ကို ဖြေရှင်းပေးမှာက The One Piece ပါအပိုင်း ၁ ကနေ အပိုင်း ၁၀၀၀ ကျော်ထိ ကြာခဲ့တဲ့ Wano Arc အထိကို အပိုင်း ၂၀၀ ‌ကျော်တည်းဖြစ်အောင်animation အသစ်တွေနဲ့ Wit Studio ကနေ Remake လုပ်ထားတာပါ။Wit Studio ဆိုတာလည်း Attack o Titan, Dororo တို့လိုAnime ကောင်းတွေကို ထုတ်လုပ်ခဲ့တာမလို့ မကောင်းမှာကိုတော့ ပူစရာမလိုပါဘူးအခု One Piece က ၆လ နားထားတုန်း ပရိတ်သတ်တွေ ကြည့်လို့ရအောင်Fishman Island Saga အတွက် ၂၁ ပိုင်း ကို အရင်ဆုံး တစ်ပတ် တစ်ပိုင်း ထုတ်လွှင့်သွားမှာပါ

အပိုင်းများ

Season - 1