Brocade Odyssey 蜀锦人家 FHD

Brocade Odyssey 蜀锦人家

Drama FHD 2024-11-30 7

ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ မင်းသမီးချောလေးTan Song Yun နဲ့ မင်းသားချောလေး Zheng Ye Cheng တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “ Brocade Odyssey” ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို ပရိသတ်ကြီးတို့အတွက်ဘာသာပြန်တင်ဆက်ပေးချင်ပါတယ်ရှင့်~ဇာတ်လမ်းအကျဉ်းလေးကတော့ ထန်ခေတ်နှောင်းပိုင်းမှာ ပိုးထည်တွေကအရမ်းကိုနာမည်ကြီးရေပန်းစားခဲ့ပါတယ်။ ယိကျိုးမှာရှိတဲ့ ဟွမ့်ဟွားဆေးဆိုးရုံကသခင်မလေး ကျိယင်းယင်းနဲ့ ကြီးမားတဲ့ပိုးထည်လုပ်ငန်းမိသားစုရဲ့သားဖြစ်သူကျောက်ရှို့ယွမ်တို့ဟာ ငယ်ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ မိသားစုရဲ့ဖိအားပေးမှုကြောင့် ကျောက်ရှို့ယွမ်ဟာ မင်းမှုထမ်းမိသားစုဖြစ်တဲ့နျိုအိမ်တော်က သမီးဖြစ်သူ နျိုဝူနျန်နဲ့ပဲလက်ဆက်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ကျိယင်းယင်းဟာ ကျင်ဝမ်ယန်မိသားစုရဲ့တတိယသားဖြစ်သူယန်ကျင်ယွမ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ယန်ကျင်ယွမ်ကတော့ ကျိယင်းယင်းကိုမြင်မြင်ချင်းချစ်မိသွားပေမဲ့ ကျိယင်းယင်းကတော့ သူ့ကိုစိတ်တိုင်းမကျခဲ့ပါဘူး။သူတို့နှစ်ယောက် မကြာခဏတွေ့ဆုံရင်းနှီးခဲ့ရာကနေ မိတ်ဆွေသူငယ်ချင်းဖြစ်လာပြီးခံစားချက်တွေလည်းနွေးထွေးလာခဲ့ပါတယ်။ အဲဒီအချိန်မှာနန်ကျောက်တိုင်းပြည်ရဲ့မင်းသားဟာ ယိကျိုးကို အလည်လာရင်ကျိယင်းယင်းရဲ့ဆေးဆိုးပညာကို သဘောကျတဲ့အတွက် ဆေးဆိုးနည်းကိုခိုးယူဖို့ကြံစည်တဲ့အခါမှာတော့….ကျိယင်းယင်းနဲ့ ယန်ကျင်ယွမ်တို့ရဲ့အချစ်လမ်းခရီးလေးမှာဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကိုတော့အတူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်~