The Tale of Lady Ok 옥씨부인전 FHD

The Tale of Lady Ok 옥씨부인전

Drama FHD 2024-11-30 5

ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ယွန်းဂျင်း(Lim Ji Yeon)ရဲ့ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်‌ပေးပါရစေ။The Gloryထဲက ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ယွန်းဂျင်းကိုဂျိုဆွန်းခေတ် အမျိုးသမီး အဖြစ် ကာရိုက်တာ အသစ်တစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပြီးမင်းသားကလည်း Oasis ဇာတ်ကားနဲ့ Best New Actorဆု ‌ဆွတ်ခူးရရှိထားသူမို့မထွက်ခင်ကတည်းက ရေပန်းစားနေတဲ့ ကားလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအို့ထယ်ယောင်း(Lim Ji Yeon)ဆိုတဲ့ ဂျိုဆွန်းခေတ်က အမျိုးသမီးဟာထက်မြက် သွက်လက်ပြီး ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။အမြဲလိုလို ကူညီတတ်တဲ့ အကျင့်စရိုက်ကြောင့်လူချစ်လူခင်လည်း ပေါများသူပါ။ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက် ရှိ‌နေပါတယ်။အဲဒါကတော့ သူ့ နာမည်၊ ဂုဏ်ပုဒ်နဲ့ ခင်ပွန်းတို့ကအတုအယောင်တွေ ဖြစ်နေတာပါပဲ။အဲဒီလိုနဲ့ တစ်နေ့‌မှာတော့ ဂျိုဆွန်းတစ်ခွင်ကို နယ်လှည့်ပြီး ပုံပြင် လိုက်‌ပြောပြတဲ့ပုံပြင်ဆရာလေး ချွန်းဆွန်းဟွီ(Choo Yeong Woo)နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။လျှို့ဝှက်ချက်‌တွေ ရှိတဲ့ အမျိုးသမီး အို့ထယ်ယောင်းနဲ့ သူမကို မြင်မြင်ချင်း ချစ်မိသွားတဲ့ပုံပြင်ဆရာ‌ ချွန်းဆွန်းဟွီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။