The Franchise FHD

The Franchise

Comedy FHD 2024-10-06 6.818

လူတော်တော်များများဟာ စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျတတ်ကြပါတယ် ။ ဒါပေမဲ့ အဲဒီရုပ်ရှင်တွေ ဖြစ်လာဖို နောက်ကွယ်ကပေးဆပ်မှုတွေကတော့ တစ်ခါတလေမှာ အမေ့လျော့ခံဖြစ်နေတတ်ကြပါတယ် ။ဒီတစ်ခေါက် The Franchise လိုခေါ်တဲ့ စီးရီးသစ်မှာတော့ဘက်ပေါင်းစုံက ပြဿနာအမျိုးမျိုးတက်နေတဲ့ Tecto :The Eye of Storm ဆိုတဲ့ စူပါဟီးရိုးရုပ်ရှင်ကို ထုတ်လုပ်ဖိုကြိုးစားကြတဲ့ အဖွဲသားတွေအကြောင်းကို ဟာသဇာတ်နှောရင်းရိုက်ကူးပြထားတာဖြစ်ပါတယ် ။အချင်းချင်း မျက်နှာကြောမတည့်ကြတဲ့ သရုပ်ဆောင်တွေ ၊လောကကြီးနဲ့ ကင်းကွာနေတဲ့ ဒါရိုက်တာ ၊ ဒါ့အပြင် ပြိုင်ဘက်ရုပ်ရှင်တစ်ကားကပါ ဝင်ရှုပ်လာတဲ့အခါ လက်ထောက်ဒါရိုက်တာဒန်နီရယ်တစ်ယောက် ဘယ်လိုစခန်းသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ဒါဆိုရင်တောင် Tecto : The Eye of Storm ရုပ်ရှင်ကြီးအောင်မြင်စွာ အဆုံးသတ်သွားမလားဆိုတာကိုတော့ အတူတူ စောင့်ကြည့်လိုက်ရအောင်နော် ။