Lie to Me 내게 거짓말을 해봐 FHD

Lie to Me 내게 거짓말을 해봐

Comedy Drama FHD 2011-05-09 7.6

Gong Ah Jung (Yoon Eun Hye) က ယဉ်ကျေးမှုနဲ့ခရီးသွားလာရေး ဝန်ကြီးဌာနမှာအလုပ်လုပ်နေတဲ့ အစိုးရဝန်ထမ်းလေးပါ။အဖေတစ်ခု သမီးတစ်ခုနဲ့ နေထိုင်လာတဲ့ Gong Ah Jung တစ်ယောက်“ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့အတိုင်းပဲ အမျိုးမျိုး ပြဿနာတွေ ကြုံတွေ့ပြီးနောက်အချစ်ဦးကို လုယူခဲ့တဲ့ သူငယ်ချင်းကို လက်ထပ်ပြီးကြောင်း လိမ်လည်ဖို့ အကြောင်းဖန်လာပါတော့တယ်။သူဖန်တီးတဲ့ဇာတ်မှာ ကပ်ပါသွားရသူကတော့ Hyun Ki Joon (Kang Hi Hwan) ပါပဲ။အထက်ကနေမဆင်းတဲ့ ဟိုတယ်ပိုင်ရှင် Hyun Ki Joon ကလည်း လုပ်ငန်းအကျိုးအတွက်Gong Ah Jung နဲ့အတူ လုပ်ဇာတ်ခင်းပါတော့တယ်။ဟန်ဆောင်တာကနေတစ်ဆင့် ချစ်မိသွားကြတဲ့ နှစ်ယောက်သား ရှေ့ဆက်ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာအပြင် တတိယလူကလည်း သေချာပေါက် ပါဝင်နေဦးမှာပါ။အရင်က အချစ်ဇာတ်လမ်းလေးတွေကိုမှ ပြန်ခံစားချင်သူတွေအတွက်ပြန်လည်ဖန်တီး ပေးလိုက်ပါတယ်။