Every Minute Counts FHD

Every Minute Counts

Drama FHD 2024-11-08 8.462

Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့မက်ဆီကို စီးရီးကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။၁၉၈၅ ခုနှစ် မက်ဆီကိုစီးတီး အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ငလျင်ကပ်ဘေးဒုက္ခကြီးအကြောင်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။လူပေါင်းများစွာ ထောင်သောင်းချီ သေကြေပျက်စီးခဲ့ရတဲ့ဘေးအန္တရာယ်ဆိုးကြီးတစ်ခုလည်း ဖြစ်ပါတယ်။ဒီစီးရီးလေးထဲမှာတော့ အပိုင်း ၁၀ ပိုင်း ပါဝင်ထားပြီးဒီ ငလျင်စတင်ဖြစ်တဲ့အချိန်ကစလို့လူအမျိုးမျိုး ရှုထောင့်ပေါင်းစုံကနေဇာတ်ကို ရုပ်လုံးဖော်ထားပါတယ်။အထွေထွေဆေးရုံက အတိတ်မှာအမည်းစက်ရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်၊အလုပ်ထွက်ခါနီး သူနာပြုတစ်ယောက်၊ အောင်မြင်ကျော်ကြားမှုကိုလိုချင်တဲ့ သတင်းထောက်မ စသဖြင့် သူတို့ကိုယ်စီရဲ့အမြင်လေးတွေကနေ ချည်းကပ်ပြီး ရိုက်ကူးထားတာပါ။စကေးပြင်းတဲ့ ငလျင်တစ်ခုဟာ ဘယ်လောက်ကြောက်မက်ဖွယ်ရာကောင်းတာတွေအရေးကြုံလာချိန် လူသားတွေရဲ့ ကူညီလိုမှုအတ္တဆန်မှုတွေကို မီးမောင်းထိုးပြထားတာဆိုရင်လည်း မမှားပါဘူး။