Indubala Bhaater Hotel FHD

Indubala Bhaater Hotel

Drama FHD 2023-03-08 2

ယခုတစ်ခါတင်ဆက်ပေးမယ့် ဒရာမာစီးရီးလေးကတော့အပိုင်း၈ပိုင်းထွက်ရှိထားပြီးတော့ ခင်ပွန်းဖြစ်သူမရှိတော့တဲ့နောက်ပိုင်းသားတစ်ယောက်နဲ့ စားသောက်ဆိုင်လေးဖွင့်ပြီး ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။အင်ဒူဘာလာလို့ခေါ်တဲ့ ကောင်မလေးဟာ ခင်ပွန်းဖြစ်သူဆုံးသွားပြီးတဲ့နောက်မှာသားလေးတစ်ယောက်ရယ် အကြွေးတွေရယ်နဲ့ ကျန်ရစ်ခဲ့ပြီးဒုက္ခပင်လယ်ဝေနေပါတော့တယ်။အကြွေးရှင်တွေရဲ့ ထုံးစံအတိုင်း အကြွေးမပေးနိုင်တဲ့အခါအိမ်ထိ လာရောက်သောင်းကျန်းတာတွေ လုပ်ပါတော့တယ်။ဒီအခါမှ အိမ်မှုကိစ္စကလွဲပြီးတော့ ဘာမှမလုပ်တတ်တဲ့ အင်ဒူဘာလာတစ်ယောက်သားလေးကိုဖက်ပြီး အခန်းထဲမှာပဲ တိတ်တိတ်လေးနေရရှာတာပေါ့။အကြွေးရှင်တွေ အိမ်ကိုလာသောင်းကျန်းတဲ့အချိန်မှာ ဘေးအိမ်ပတ်ဝန်းကျင်ကစပ်စုရုံအပြင် ဘာမှမလုပ်ကြပေမယ့် ငါးရောင်းတဲ့ ငါးစိမ်းသည်လေးလု့ချ်မီကတော့ ကူညီပြီးတော့ ငါးစိမ်းသည်ပီပီ အကြွေးရှင်တွေကို ပြန်အော်လွှတ် ရန်တွေ့ပေးပါတော့တယ်။ဒီလိုနဲ့ လု့ချ်မီဟာ အင်ဒူဘာလာတို့ သားအမိဒီအတိုင်းနေရင် မဖြစ်တော့ဘူးဆိုပြီးတော့အိမ်မှုကိစ္စအပြင် ဘာမှမလုပ်တတ်တဲ့ အင်ဒူဘာလာ့ဆီမှာ ပိုက်ဆံပေးပြီး ထမင်းစားပါတော့တယ်။အစမှာတော့ သူတစ်ယောက်တည်းပဲ စားတယ်ဆိုပေမယ့် နောက်ပိုင်းမှာ သူ့အသိတွေကိုပါခေါ်လာပြီး စားခိုင်းရင်းနဲ့ အင်ဒူဘာလာစားသောက်ဆိုင်လေးကို စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ဒီစားသောက်ဆိုင်လေး အောင်မြင်လာဖို့အတွက် အင်ဒူဘာလာတစ်ယောက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ရမလဲ ……အင်ဒူဘာလာတစ်ယောက် အသက်တွေကြီးလာတော့မှ သူ့စားသောက်ဆိုင်ကိုရောက်လာတဲ့အသက်ငယ်ငယ်ကောင်မလေးရှန်ချရီကရော အင်ဒူဘာလာနဲ့ ဘယ်လိုတွေ ပတ်သက်ဆက်နွယ်နေတာလဲ…..ဆိုတာတွေကို အခုလက်ရှိကာလကို ပြသလိုက် နောက်ကြောင်းပြန်လိုက်နဲ့အတိတ်နဲ့ လက်ရှိ အချိန်ကာလနှစ်ခုကို တစ်လှည့်စီပြသရင်းနဲ့ ဒီဒရာမာစီးရီးလေးကို တင်ဆက်ပြသထားပါတယ်။