2024 ရဲ့ အရှို့နိုင်ဆုံးဆုရှင် ထိပ်တန်းမင်းသမီး Baifern Pimchanokရဲ့ ထုန်ဒီအပြီး ဒုတိယအလောင်ကားလေးဖြစ်တဲ့ “ထိချာ”ကိုယ်တိုင်စီးမျောခံစားလောင်မြိုက်တဲ့အထိ ပြောင်မြောက်လွန်းတဲ့ အသေးလေးရဲ့သရုပ်ဆောင်ချက်တွေနဲ့ ဒီတစ်ခါမှာရော ဘယ်လောက်ထိရှို့ဦးမလဲဆိုတာ ရှုစားကြပါဦး။ရေကြည်ရာမြက်နုရာကို အရှာထွက်ဖို့ ထိုင်းနိုင်ငံမှာအလုပ်လုပ်လာလုပ်တဲ့ ယိုနဲ့အူရီတို့သားအမိနှစ်ယောက်သူတို့မျှော်လင့်တာကတော့ ပိုပြီးတော့ စားဝတ်နေရေးအဆင်ပြေမယ့်သာမန်ဘဝလေးတစ်ခုဆိုပေမဲ့ သူတို့ကြုံတွေ့လိုက်ရတာကတော့ အိမ်ဖော်ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရှင် အိမ်ကြီးရှင်သခင်မရဲ့ ဖိနှိပ်မှုညှင်းပန်းမှုတွေ အဆုံးမဲ့စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ဘဝတစ်ခု…ဒုက္ခတွေကြားမှာ အသက်ပါဆုံးရှုံးရဖို့ဖြစ်သွားပေမဲ့ ကံကြမ္မာဇာတ်ဆရာပေးတဲ့ ဒုတိယအကြိမ် ပြန်လည်ရှင်သန်ခွင့်နဲ့ ထိချာဆိုတဲ့ဘဝကိုရလာခဲ့တဲ့သူမ…တစ်ချိန်က သဘောကောင်းတဲ့အူရီ ပျော့ညံ့တဲ့အူရီအဖြစ်ကနေ အမုန်း ရန်ငြိုး ဒေါသတွေနဲ့ ပုံသွင်းခံလိုက်ရတဲ့ ထိချာတစ်ယောက် သူ့ကိုနင်းခြေခဲ့တဲ့သူတွေကို ဘယ်လိုကလဲ့စားချေမလဲဆိုတာရှုစားလိုက်ရအောင်ပါ။