The Land of Warriors  斗罗大陆之燃魂战 FHD

The Land of Warriors 斗罗大陆之燃魂战

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့မင်းသား ကျိုးယီရန် မင်းသမီးချော ကျန်းယိရှီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့နာမည်ကြီးကာတွန်းကို live action ရိုက်တဲ့ ဇာတ်ကားအသစ်ကို မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တာလုအဆင့်ရှိတဲ့ အထူးပြိုင်ပွဲပြီးဆုံးပြီဂနောက်ထန်စန်(ကျိုးယီရန်)က သူ့အပေါင်းဖော်တွေကို နောင် ၅နှစ်မှာပြန်လည်တွေဆုံဖို့ ကတိပေးပြီးနှုတ်ဆက်ထွက်ခွာပြီးနောက်မှာ ထန်စန်က အဖေ ဖြစ်သူ တိတ်ဆိတ်တဲ့တောင်ကြားသွားပြီးသူ့စွမ်းအားတိုးအောင် လေ့ကျင့်ခဲ့တယ် ထန်စန်ဟာ သူ့အဖေရဲ့ သွန်သင်ထောက်ပံ့မှုဖြင့်စွမ်းအားပိုတိုးမြှင့်လာပြီးစိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့တယ် သူ့အပေါင်းဖော်ဖြစ်တဲ့တိုက်မုပိုင်နဲ့ ကျူးကျူချင်းတို့လည်း မျိုးနွယ်စုအသိမှတ်ပြုတာခံရပြီးရှင်းလောတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားနဲ့ အိမ်ရှေ့စံကြင်ယာတ်ော ဖြစ်လာပြီး မာဟုန်ကျွင်းလည်း ခရီးအနှံ့ သွားလာတယ် ယခုအချိန်တွင်းမှာပဲ ပီပီတုန်ဟာ ဝိညာဉ်ခန်းမမှာလျှိူ့ဝှက်အကွက်ဆင်ပြီး ဂိုဏ်းအချို့ကို ဖျက်ဆီးပြီး တို့လော်နယ်မြေကို လက်ဝါးကြီးအုပ်စိုးချင်တယ်။ထန်စန်း’နဲ့ သူ့အပေါင်းဖော်တို့က သူ့အကြံစည်ကို သိရှိပြီးနောက် ထန်ဂိုဏ်းကို တည်ထောင်ပြီးကြီးလေးသော တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် သူတို့ အတူတူ ပီပီတုန်ကို တော်လှန်နိုင်မလား ။ထန်ဂိုဏ်းတည်ထောင်မှုနောက်မှာ ဘာစိန်ခေါ်မှုတွေ တွေရှိနိုင်မလဲ တရားမမျှမှုကြားမှာ အရှုံးမပေးဘဲရဲရဲဝံ့ဝံ့စွန့်စားပြီး သိုင်းဝိညာဉ်ခန်းမကို တိုက်ခိုက်နိုင်မလား အမှောင်တရားနဲ့အာဏာကိုမကြောက်ရွ့ံပဲစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေးအတွက် စွန့်စားတိုက်ခိုက်နိုင်မလားကို ရင်ခုန်စွာနဲ့ ဒီဇာတ်ကားကိုအတူကြည့်ကြရအောင်နော်