Whitstable Pearl FHD

Whitstable Pearl

Crime Mystery FHD 2021-05-24 6.6

အင်္ဂလန်ရဲ့ ပင်လယ်ကမ်းစပ်ဘေးက နယ်မြို့လေးပေါ် အခြေခံပြီးအေးအေးဆေးဆေးနဲ့ စီးမြောခံစားနိုင်မယ့်စုံထောက်ဒရမ်မာ စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ဒေသခံ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ပါးရ်နိုလန်ကငယ်စဉ်ဘဝတုန်းက ရဲသားတစ်ဦး ဖြစ်ခဲ့တဲ့အတွက်လက်ရှိအချိန်မှာ စားသောက်ဆိုင်ကတစ်ဖက် အလွတ်စုံထောက်လို သဘောမျိုးကလည်းတစ်ဖက် လုပ်ကိုင်နေသူတစ်ယောက်ပါ။အဲဒီအချိန်မှာပဲ သူတို့ မြိုကလေးမှာ သူချစ်ခင်ရတဲ့မိတ်ဆွေတစ်ဦး သေဆုံးခဲ့ပါတော့တယ်။စုံစမ်းကြတဲ့ ရဲတွေကလည်း မတော်မဆသေတာပဲဆိုပြီးအမှုပိတ်ချင်ကြတဲ့အချိန် စုံထောက်သွေးပါတဲ့ပါးရ်နိုလန်တစ်ယောက် လန်ဒန်မြို့ကနေ တာဝန်ကျလာတဲ့စိတ်ဖိစီးမှု ဝေဒနာတွေနဲ့ Introvert စုံထောက်ဖြစ်တဲ့မိုက်ခ်နဲ့ ပူးပေါင်းမိပြီး ဒီအမှုအပြင်ဒီမြို့လေးရဲ့ တခြားအမှုတွေကိုပါ နှစ်ယောက်သားဘယ်လို ဖြေရှင်းသွားကြမလဲ၊ နှစ်ယောက်လုံးကကိုယ်စီမိသားစုဘဝ လက်တွေ့ဘဝမှာ ဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲ စသဖြင့် ဒရမ်မာလေးတွေစုံထောက်ဆန်ဆန် အမှုလိုက်တာတွေကိုပုံဖော်ထားတဲ့ အင်္ဂလိပ် စီးရီးလေးတစ်ခုပဲ ဖြစ်ပါတယ်။