Bridgerton FHD

Bridgerton

Drama FHD 2020-12-25 8.206

၁၈၀၀ ခုနှစ်များဆီက အင်္ဂလန်ပြည်ရဲ့ ကြေးရတတ် အထက်တန်းလွှာများကြားမှာ မယ်မယ်ရရ အပျင်းဖြေစရာ လုပ်စရာရယ်ဆိုလို့ အတင်းအဖျင်း ပြောကြတာ သမီးတွေ လင်ကောင်းသားကောင်းရဖို့ စပ်ကြ ဟပ်ကြတာတွေပဲ ရှိပါတယ် ဒီထဲမှာမှ အထူးသဖြင့် မုဆိုးမ လေဒီဘရစ်ဂျာတန် နဲ့ မျက်နှာချင်းဆိုင် ဖယ်သရင်တန်တော် အိမ်တော်က မျက်နှာပေါက်ဆိုးဆိုး သမီးတွေပိုင်ဆိုင်တဲ့ လေဒီဖယ်သရင်တန်တို့ကတော့ လန်ဒန်မြို့ရဲ့ အသုံးတော်ခံပါ ဒီထဲမှာ အပျော်အပါး အလွန်နှစ်ခြိုက်တော်မူတဲ့ အပျင်းဖြေရအောင် အမြဲ ပါတီပေး ပွဲခံနေတတ်တဲ့ ဘုရင်မကြီး ချားလော့ကတော့ ဒီဇာတ်လမ်းရဲ့ မပါမဖြစ် ဇာတ်ကောင်ပါ အတင်းအဖျင်းသတင်းတွေ လှိုင်လှိုင်လွှမ်းခြုံထားတဲ့ လန်ဒန်မြို့တော်ကြီးမှာ နောက်ထပ် မပါမဖြစ်ကတော့ လန်ဒန်တစ်မြို့လုံး အပ်ကျတာကအစ သိတဲ့ လျှို့ဝှက်ချက်ပေါင်းစုံတို့ရဲ့ ကဝေ စာရေးဆရာမကြီး လေဒီဝှစ်ဆယ်ဒေါင်းပါပဲ