Orb: On the Movements of the Earth チ。―地球の運動について― FHD

Orb: On the Movements of the Earth チ。―地球の運動について―

Drama Animation FHD 2024-10-05 6.2

၁၅ ရာစုနှစ်အချိန်မှာ အခြေတည်ထားပြီး scholar တွေနဲ့ Holy Church အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်Vinland Saga လိုမျိုး Fantasy အရမ်းမဆန်တဲ့ Medieval anime ကြည့်ချင်သူတွေ အတွက်တော့တော်တော်လေးကို အရသာ တွေ့စေမှာပါYuichi Nakamura(Gojo Satoru) နဲ့ Kejiro Tsuda(Nanami Kento) တို့လိုအရမ်းကောင်းတဲ့ အသံသရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ ကြည့်ရတာ အရမ်းကောင်းနေမှာပါဇာတ်လမ်းအကျဥ်းကတော့ကမ္ဘာကြီးကို လူသားတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က စကြဝဠာရဲ့ အလယ်တည့်တည့်အနိမ့်ဆုံးနေရာမှာ ထားထားတယ်လို့ လူတွေ ယုံကြည်နေကြတဲ့ ခေတ်မှာနက္ခတဗေဒပညာရှင်တွေက စကြဝဠာရဲ့ အမှန်တရားအစစ်မှန်ကို ရှာနေကြပါတယ်ဒီလိုရှာနေကြတဲ့ သူတွေကို ဘုရားကျောင်းရဲ့ သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ဒိဌိတွေ ဆိုပြီးလိုက်လံ သုတ်သင်ရှင်းလင်းကြတဲ့ အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမှာလဲဒီလို အချိန်တွေမှာ အရမ်းတော်တဲ့ ၁၂ နှစ် အရွယ် မိဘမဲ့ကောင်လေးတစ်ယောက်ကဘုရားကျောင်းကို ဆန့်ကျင်တယ်ဆိုတဲ့ စကြဝဠာရဲ့ သီအိုရီတစ်ခုကိုအဖမ်းခံရာကနေ လွတ်လာတဲ့ ဒိဌိတစ်ယောက်ဆီကနေ သိလိုက်ရပါတယ်အဲဒီလို သိရပြီးတဲ့နောက် သူ့ရဲ့ ဘဝဘယ်လိုပြောင်းလဲသွားမလဲဘုရားကျောင်းရဲ့ အခုလို လိုက်ဖမ်းဆီး ကွပ်မျက်နေတဲ့ ကြားကဒီပညာရှင်တွေက စကြာဝဠာရဲ့ အမှန်တရားကို ရှာဖွေတွေ့ပြီး သက်သေပြနိုင်သွားရမှာလားဆိုတာကိုဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ကြည့်ရှု ခံစားသွားရမှာပါကိုယ်ံယုံကြည်မှုအတွက် အသက်ကိုတောင် ရင်းကြတဲ့ ဒီလို ပညာရှင်တွေရဲ့ ခရီးကြမ်းကို အတူတူ လိုက်ပါကြည့်ရှုလိုက်ကြပါဦး