ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့အချစ်ဟာသမော်ဒန်ကားသစ်လေးတစ်ကားပါ။အသက် ၂၆ နှစ်အရွယ် ကော်ပိုရေးရှင်းတစ်ခုမှာအလုပ်လုပ်နေတဲ့ ရှောင်းယာက လူမှုပတ်ဝန်းကျင်မှာကြိုးစားရှင်သန်ရင်း ကိုယ့်ကိုယ်ကိုယ်ဖိနှိပ်ရင်းနဲ့အများသဘောကျနေနေရတယ်။ အမြင်မကောင်းပေမယ့်အတွင်းကြေနေတဲ့ သူ့ဘဝကို ဘယ်သူ့မှမသိပေမယ့်ပေါ့။သူ့ရည်းစား ကျန့်ဟောက်ရဲ့လုပ်ရပ် ၃ ခုကြောင့် သူမဘဝဟာတစ်ဆစ်ချိုးပြောင်းသွားပြီးတဲ့နောက်မှာ သူ့ဘဝသူရှင်သန်ခဲ့ရတယ်။Comedy bar တစ်ခုမှာ ဟာသပြောရင်း ရည်းစားဟောင်းကိုကျိန်ဆဲရင်းနဲ့ သူ့ဘဝရဲ့အရေးပါတဲ့နေရာတစ်ခုကို ရှာတွေ့သွားခဲ့ရင်းဘဝရဲ့နောက်ထပ်အပိုင်းသစ်ကို သူ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာဟာသတွေ နားထောင်ရင်း ကြည့်ရှုသွားရမှာပါဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေကတော့ ရှောင်းယာအဖြစ်ပရိသတ်တို့နဲ့မစိမ်းမယ့် Beyond, Truth or Dare တို့နဲ့ လူသိများလာတဲ့Teresa Li ၊ ရှစ်ယယ်အဖြစ် Fire of My Heart မှာရွှီချင် ( Wang Chu Ran ) ရဲ့ မွေးစားအစ်ကိုအဖြစ် ပါဝင်ခဲ့တဲ့Wei Da Xuan တို့က ပါဝင်ထားတာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်