တက်သစ်စလေးတွေပေါပေါများများသုံးထားတဲ့ ဒရာမာစီးရီးလေးတင်ဆက်ပေးထားပါတယ်ဗန်ဒနာဗယ်လီကျောင်းတော်ဆိုတဲ့ မိန်းကလေးသီးသန့်သင်တန်းကျောင်းကျောင်းသူပေါင်းရာကျော်ရှိပြီး စရိုက်တွေလည်းမျိုးစုံပေါ့ကျောင်းအုပ်ကလည်းစည်းကမ်းကြီးပြီး အချိန်အတိအကျမှကြိုက်တတ်တဲ့အပျိုကြီးဘယ်အချိန်ဘာလုပ်ရမယ် ဘယ်နှစ်နာရီအပြီးဆိုတဲ့ဇယားက နေ့စဉ်အချိန်စာရင်းပါပဲဖုန်းမသုံးရ ချောကလက်မစားရ ပီကေမဝါးရဆိုတဲ့‘မ’တစ်လုံးဆောင်ကျောင်းတော်ကြီးကနေ ဖိအားများပြီးနံရံကျော်ပြေးကြတဲ့လူတွေလည်းရှိပါသေးတယ်မိန်းကလေးတွေပဲနေတဲ့နေရာဆိုပေမဲ့လို့ အမှောင်ကမ္ဘာတွေအကြောင်းလည်းပေါပေါများများပါပဲအထူးသဖြင့်ဒီကျောင်းက ပညာသင်ရုံသာမက စက်ရုပ်သတို့သမီးမွေးထုတ်ပေးတယ်လို့ပါနာမည်ကြီးတဲ့ကျောင်း ကျောင်းအုပ်ကိုယ်တိုင်က အောင်သွယ်တော်ဖြစ်နေပြီးမိန်းမငယ်လေးတွေကို လူအိုတွေနဲ့ချိတ်ပေးတတ်တော့ ၁၇နှစ်အရွယ်ကျောင်းသူလေးတွေကသက်တူရွယ်တူကောင်လေးတွေနဲ့ ဆရာမတွေကျောင်းအုပ်တွေမသိအောင်သက်စွန့်ဆံဖျားစွန့်စားချိန်းတွေ့ကြပုံတွေ သူတို့ဖြတ်သန်းရမဲ့အခက်အခဲတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်