Baek Sa Eon ကတော့ ဂုဏ်သရေရှိ နိုင်ငံရေးမိသားစုကနေ ဆင်းသက်လာပြီး ကိုရီးယားမှာအသက်အငယ်ဆုံး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။သူဟာ စစ်ပွဲသတင်းထောက်၊ ဓါးစာခံ စေ့စပ်ညှိုနှိုင်းရေးမှူး၊ ရေဒီယို ရုပ်မြင်သံကြာတွေမှာတွေ့ဆုံမေးမြန်ခန်း အဓိကတင်ဆက်သူအဖြစ်လည်း လုပ်ကိုင်နေတဲ့သူပေါ့။Hong hui Ju ကတော့ သတင်းစာတိုက်ပိုင်ရှင်ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကဖြစ်ခဲ့တဲ့အက်ဆီးဒင့်ကြောင့် သူမရဲ့အသံကို ဆုံးရှုံးလိုက်ရပြီး အခုချိန်မှာတော့ တရားရုံးနဲ့ ရုပ်မြင်သံကြားဌာနမှာလက်သင်္ကေတဖြင့် စကားပြန်လုပ်နေသူတစ်ယောက်ပါ။ဒီလိုနဲ့ပဲ Baek Sa Eon နဲ့ Hong Hui Ju တို့က လူကြီးတွေရဲ့ စီစဉ်ပေးမှုကြောင့် လက်ထပ်ခဲ့ရပြီးအချစ်မပါတဲ့ အိမ်ထောင်ရေးကို စတင်ခဲ့ရတဲ့ သူတို့နှစ်ဦးဟာ လက်ထပ်ထားတဲ့ ၃ နှစ်အတွင်းတစ်ယောက်နဲ့ တစ်ယောက် အခေါ် အပြောမရှိဘဲ စိမ်းသက်သက်နဲ့ နေလာခဲ့ရာကနေတစ်နေ့ Hui Ju က အမည်မသိလူတစ်ယောက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့အခါ….ဘာတွေ ဆက်ဖြစ်သွားမလဲ.. ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်က အကြောင်းအရာကရော ဘာဖြစ်မလဲ…သူတို့နှစ်ယောက်ရဲ့ အေးစက်နေတဲ့ အိမ်ထောင်ရေးအခြေအနေကရော ပြောင်းလဲသွားမလားဆိုတာတွေကိုရန်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။