သိုင်းကား အက်ရှင် ဟာသ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသား William Chen ရဲ့ Time Travel မှုခင်းဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်1990 ခုနှစ်က စုံထောက်တစ်ယောက် 2018 ခုနှစ်ကိုရောက်လာပြီးတဲ့နောက်မှာ လက်ရှိခေတ်က စုံထောက်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့ 25 နှစ်တာဆိုင်းငံ့ခံရတဲ့ အရင်တုန်းကအမှုတွေနဲ့လက်ရှိအမှုတွေကို အတူတူပူးပေါင်းဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှုခင်းတွေကိုဖြေရှင်းရင်း သူတို့ကြားမှာ ဘယ်လိုနွေးထွေးမှုလေးပေါ်ပေါက်လာမှာလဲအမှန်တရားနောက်ကိုလိုက်နေတဲ့စုံထောက်တစ်ယောက် 1990 ခုနှစ်ကနေထိုင်မှုဘဝပုံစံ ယဉ်ကျေးမှုနဲ့ လက်ရှိခေတ် ယဉ်ကျေးမှုအပြောင်းအလဲမှာဘယ်လိုအသားကျအောင်နေသွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်