Fisaddi FHD

Fisaddi

Drama FHD 2024-10-20 6

ဒီဇာတ်လမ်းတွဲလေးကတော့ ကျောင်းကဇိုးတစ်ယောက်ဖြစ်တဲ့ဂိုလ်ဒီနဲ့ သူ့ညီစာကြမ်းပိုးလေးဗီမယ်တို့ကြားက အားပြိုင်မှုလေးပေါ့။ဗီမယ်တစ်ယောက် အထက်တန်းကို အမှတ်မြင့်မြင့်နဲ့အောင်ခဲ့ပေမဲ့အစ်ကိုဖြစ်သူဂိုလ်ဒီတက်နေတဲ့ တက္ကသိုလ်ကိုပဲ တက်ရမယ်ဆိုတဲ့မိဘတွေရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် အတော်လေးဘူနေတာပေါ့။မိဘတွေကလည်း ဂိုလ်ဒီကိုသားကြီးပီပီ အတော်လေးအားကိုးပြီးအရမ်းထက်မြက်တဲ့သူလို့ထင်နေကြတာပါ။ဒါပေမဲ့ တကယ်တမ်း ကျောင်းကဂိုလ်ဒီကတော့ အုပ်စုဖွဲ့ရိုက်လိုရိုက်စာမေးပွဲကျလို့ ဆရာမကိုခြိမ်းခြောက်လိုခြိမ်းခြောက်နဲ့လုပ်ချင်ရာလုပ်နေတဲ့ဇိုးတစ်ယောက်ပါ။ဒီလိုနဲ့ ဗီမယ်ပါ သူနဲ့တစ်ကျောင်းတည်းရောက်လာတော့အိမ်မှာ ထက်မြက်တဲ့သားကြီးလုပ်နေတဲ့ဂိုလ်ဒီတစ်ယောက်ကျောင်းက နာမည်ဆိုးတွေဗီမယ်မသိရေးတို့အရေးဆိုပြီး အသည်းအသန်ဖုံးဖိဖို့ လုပ်ရပါတော့တယ်။ဒီလိုနဲ့ အိမ်မှာ ဦးဆောင်သူနေရာယူထားပေမဲ့ တကယ်တမ်းကျကလေကချေဖြစ်နေတဲ့ဂိုလ်ဒီနဲ့ အမှန်အကန်ထက်မြက်ပြီးစာတော်တဲ့ဗီမယ်အကြား အိမ်ရဲ့သားလိမ္မာနေရာအတွက်ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။