Female Domineering character နဲ့ အပြတ်ကြမ်းမယ့် P’Pancakeရဲ့ မချောတစ်ယောက် ကိုကို ၅ ယောက်နဲ့ Crime drama suspense ဇာတ်ကားသစ် Geeနဲ့Pancakeရဲ့ မမနဲ့မောင်လေးကြားက Chemistry ကိုမှ မျှော်ရပါတယ် ဆိုတဲ့ ပရိသတ်တို့လည်း လက်မနှေးတမ်း အတူရှုစားကြပါဦးစို့။ စီရင်ဟာ အဆင်းရော အချင်းပါ ပြည့်စုံတဲ့မိန်းမချောတစ်ယောက်၊ ကွာရှင်းထားတဲ့တစ်ခုလပ်ဆိုပေမဲ့ အကြွေပန်းမို့မနွမ်းဘဲ စကားစိမ်းပန်းလို ဝေလည်းကြွေလည်းမွှေးတဲ့သူဆိုတော့ ပျားနဲ့တူတဲ့ ပုရိသယောက်ျားသားတို့ ဝိုင်းဝိုင်းလည်နေတာပေါ့။ ဒါပေမဲ့ သူ့ရဲ့စွဲမက်ဖွယ်ရူပါရုံနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် သူ့ကိုပိုင်ဆိုင်ရဖို့ ပြိုင်ဆိုင်နေသူတွေကြား လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါမှာတော့… စီရင်ကို အရင်းတည်ပြီးဖြစ်လာရတာပါဆိုတဲ့ လူသတ်မှု၊ စီရင်နဲ့ပတ်သက်သူတိုင်း ဇာတ်သိမ်းမလှပါဘူးဆိုတဲ့ ဒီကျိန်စာဆိုးကို သူဘယ်လိုဖြေရှင်းသွားမလဲ။ မိန်းမလှတစ်ယောက်အတွက် အရှားဆုံးဆိုတဲ့အချစ်စစ်ဆိုတဲ့အရာကိုရော စီရင်တစ်ယောက် ပိုင်ဆိုင်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ