Marry You FHD

Marry You

Unknown FHD 2024-11-16 8

ဂင်ချားနားကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် အချစ်ဇာတ်လမ်းရသကိုဟာသအနှောနဲ့ရိုက်ကူးထားတဲ့ “Marry You” အမည်ရတဲ့ဇာတ်ကား ရောက်ရှိလာခဲ့ပါပြီ။နယ်ကျွန်းမြို့လေးပေါ်မှာ အမြွှာတူ တူမ နှစ်ယောက်နဲ့အတူ နေထိုင်ကာ အိမ်ထောင်ပြုဖို့လုံးဝကို စိတ်ကူးမရှိတဲ့ ရွာသားလေး ဘုံချောဟီ..။စီမံရေးအစိုးရအမှုထမ်းတစ်ယောက်အနေနဲ့ အလုပ်အတည်တကျရှိသော်လည်းအတိတ်အကြောင်းတွေနဲ့ ကိုယ်ပိုင်ခံယူချက်တွေကြောင့် အိမ်ထောင်ရေးဆိုတာကိုအယုံအကြည်မရှိဘဲ အပျိုကြီးလုပ်ဖို့ သိန္နိဌာန်ချထားတဲ့ ဂျောင်ဟာနာ..။တစ်နေ့မှာတော့ ဂျောင်ဟာနာဟာ အလုပ်က အထက်လူကြီးရဲ့အပေးအယူကြောင့်အိမ်ထောင်ရေးဘဝ ထူထောင်ရေး” ဆိုတဲ့အဖွဲ့နဲ့အတူ ဘုံချောဟီကို လက်ထပ်ထိမ်းမြားခြင်းလမ်းကြောင်းပေါ်ရောက်အောင်လုပ်ဖို့ တာဝန်ပေးစေခိုင်းခံရပါတယ်။တစ်ကိုယ်တည်းသမား ဘုံချောဟီနဲ့ အောင်သွယ်တော် ဂျောင်ဟာနာတို့ နှစ်ယောက်ကြားဘယ်လိုနီးစပ်မှုတွေရှိလာပြီး ဘယ်လိုခံစားချက်တွေပြောင်းလဲကာ ဘယ်လိုခံယူချက်အသစ်တွေပေါ်ပေါက်လာမလဲ..။ဂျောင်ဟာနာရဲ့တာဝန်ကရော ပြီးမြောက်သွားမလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့မှာစိတ်ကူးယဉ်ဆန်ဆန် ရယ်မောမောနဲ့ စောင့်မျှော်ခံစားကြည့်ရှုနိုင်ပါတယ်ရှင်။