Live Up to Your Name FHD

Live Up to Your Name

Drama FHD 2017-08-12 6.8

ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က သမားတော်တစ်ယောက် ဆိုးလ်ရောက်လာပြီးဂယက်တစ်သိန်းတွေ ထတဲ့ အချိန်ခရီးသွားကားလေးကို တင်ပေးလိုက်ပါတယ်နော် ..The Fiery Priest မှ မင်းသားကြီး Kim Nam GiGrid မှ  မင်းသမီး  Kim Ah Joong, True beautyကမင်းသမီးလေး Moon Ga-young နှင့်အတူပရိတ်သတ်ရင်းနှီးပြီးသား သရုပ်ဆောင်များစွာ ပါဝင်ထားပြီးဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း******************Heo Im (Kim Nam Gil) ကတော့ ဂျိုဆွန်းမှာ အပ်စိုက်ကုထုံးနဲ့လူနာတွေကို ကုသပေးနေတဲ့ အရှေ့တိုင်းဆေးဆရာတစ်ယောက်ပါ..သူက နေ့ဘက်မှာ မရှိဆင်းရဲသားတွေကို ကုသပေးတဲ့ ဆေးခန်းမှာ လုပ်ပြီးတော့ညဘက်တွေမှာ အထက်တန်းလွှာတွေနဲ့ ရာထူးအဆင့်မြင့်တဲ့လူတွေရဲ့ အိမ်မှာလျှို့လျှို့ဝှက်ဝှက်နဲ့ ဆေးသွားကုပေးရင်း ပိုက်ဆံရှာနေသူပေါ့…သူ့ရဲ့အရည်အချင်းကြောင့် ဘုရင့်ရောဂါကို ကုသပေးခွင့်ရခဲ့ပေမဲ့ကံမကောင်းစွာနဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရပြီးထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားရင်း မြားပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ် ..ဒါပေမဲ့ သူက သေခြင်းတရားနဲ့ မကြုံတွေ့ရဘဲ အချိန်ခရီးသွားကာခေတ်သစ်ကိုရီးယား ဆိုးလ်မြို့မှာ တစ်ဖန်ပြန်လည်နိုးထလာပြီးတော့ ….ရှင်းဟယ်ဆေးရုံ နှလုံးအထူးကုဌာနရဲ့ ခွဲစိတ်ဆရာဝန်မလေးChoi Yeon Kyung ( Kim Ah Joong ) နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတော့တယ် ..မတူညီတဲ့ခေတ်အချိန်အခါကို အချိန်ခရီးသွားကာ ရောက်ရှိခဲ့တဲ့ Heo In တစ်ယောက်ဘယ်လိုအလွဲလေး‌တွေနဲ့ ကြုံတွေ့ရမလဲ…..ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ခေတ်ရဲ့ အခြေအနေမှာလိုက်လျောညီထွေဖြစ်အောင် ကြိုးစားသွားနိုင်မလား…..ခွဲစိတ်ဆရာဝန်မလေး Yeon Kyung နဲ့ရော ဘယ်လိုဆက်ဆံရေးလေးတည်ဆောက်သွားနိုင်မလဲဆိုတာကိုဟာသလေးနှောပြီးကြည့်ရှုရမဲ့အပြင် ခေတ်နှစ်ခေတ်ရဲ့ မတူညီတဲ့ ဆေးပညာကိုပါ လေ့လာရမှာဖြစ်လို့လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပါနော် ..