ဒီဇာတ်လမ်းတွဲကတော့ ဆေးပညာနောက်ခံကိုမှ အပျော်စီးသင်္ဘောကြီးတစ်စီးဖြစ်တဲ့ အိုဒက်စီ သင်္ဘောကြီးပေါ်မှာကြုံရတွေ့ရမယ့် ထူးထူးဆန်းဆန်း ဆေးပညာပြဿနာတွေကို သင်္ဘောဆရာဝန်အဖွဲ့က ဘယ်လိုပုံစံမျိုးတွေနဲ့ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။မက်ဇ်ဘန့်မန်းက အိုဒက်စီသင်္ဘောပေါ် အသစ်ရောက်တဲ့ဆရာဝန်ကြီးဖြစ်ပြီး အေဗရီနဲ့ ထရစ်စတန်တို့က လုပ်သက်ရင့်နေပြီဖြစ်တဲ့ သူနာပြုနှစ်ယောက်ပါ။ဆေးအဖွဲ့ထဲကိုအသစ်ရောက်လာတဲ့ ဆရာဝန်နဲ့ နဂိုရှိပြီးသား သူနာပြုနှစ်ယောက်ကြားက အားပြိုင်မှုတွေ၊ အချင်းချင်းနားလည်မှုရသွားပုံတွေ၊ သင်္ဘောပေါ်က ခရီးသည်ပေါင်းစုံရဲ့ မျိုးစုံသော ပြဿနာပေါင်းစုံ၊ ရောဂါပေါင်းစုံ၊ အရေးပေါ်ကိစ္စပေါင်းစုံတို့ကို အတူတူဖြေရှင်းကြပုံတွေကို ကြည့်ရမှာပဲဖြစ်ပါတယ်။ IMDb – 5.8နဲ့ RT 71% ရထားပြီး အပတ်စဉ်ပုံမှန်တင်ဆက်ပေးသွားပါမယ်။