ဒီစီးရီးကတော့ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ Legal Dram စီးရီးအမျိုးအစားဖြစ်ပါတယ်။Linclon Lawyer တို့လို့ ရှေ့နေလိုက်တဲ့ဇာတ်လမ်းမျိုးတွေကြိုက်တတ်ရင် ဒီစီးရီးကသင့်အတွက်ပါပဲ။ယ်ဒလင်းမက်လော့ခ်ဟာ ငယ်စဉ်က အင်မတန်နာမည်ကျော်ကြားပြီးထက်မြက်တဲ့ရှေ့နေအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အရွယ်ရလာတဲ့အခါ ရှေ့နေလောကကနေ အနားယူလိုက်ပြီးဥပဒေလုပ်ငန်းတွေနဲ့ ဝေးကွာလာတာ ဆယ်နှစ်ကျော်သွားခဲ့ပါတယ်။ါပေမဲ့ တစ်နေ့မှာတော့ မက်လော့ခ်ဟာ အကြောင်းရင်းတစ်ထုကြောင့်နာမည်ကြီးရှေ့နေလုပ်ငန်းတစ်ခုကိုပြန်ဝင်ပြီးအလုပ်လုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ရှေ့နေဘဝမှာ အတွေ့အကြုံပြည့်ဝပြီး အံတိုနေပြီဖြစ်တဲ့ မစ္စမက်လော့ခ်ဟာ ရှေ့နေလုပ်ငန်းထဲကို ဘယ်လိုအကြံအစည်တွေနဲ့ ဝင်လာလဲဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။