Nobody Wants This FHD

Nobody Wants This

Comedy Drama FHD 2024-09-26 7.737

ဒီဇာတ်လမ်းကတော့ rating 7.9 ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ စီးရီးလေးပါ။ဂျိုအန်ဆိုတဲ့ အမျိုးသမီးဟာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားပြီး သူကြုံခဲ့ရတဲ့ အတွေ့အကြုံတိုင်းကို သူ့ညီမနဲ့အတူ ပေါ့ကတ်စ် ပြန်လုပ်ပါတယ်။ပေါ့ကတ်စ်ကလည်း သူ့အရှိန်လေးနဲ့သူ အောင်မြင်သင့်သလောက် အောင်မြင်ပြီး အလားအလာ ကောင်းတယ်လို့ ပြောရမှာပေါ့။ဂျိုအန့်အတွက် အလားအလာမကောင်းတာကတော့ လူကြီးမင်းတို့လိုပဲ အချစ်ကံခေတာပါ။သူက အတည်တကျနဲ့တွဲဖို့ ချစ်သူတစ်ယောက်လည်း လိုချင်နေသူပါ။တစ်နေ့တော့ သူ့ရဲ့ ပေါ့ကတ်စ်အတွက် ကုန်ကြမ်းရှာဖို့ ပါတီတစ်ခုကို သွားရင်း ဂျူးဘာသာဝင် တရားဟောသူ နိုအာဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံပြီး ဂျိုအန်ဟာ စိတ်ကစားမိပါတော့တယ်။သူ အတည်တွဲမယ်ကြံကာမှ သူသဘောကျမိသူက သူနဲ့ စရိုက် အနေအထိုင် ခံယူချက် အကုန်ဆန့်ကျင်ဘက်ဖြစ်နေတော့ ဂျိုအန်နဲ့ နိုအာတို့ကြား ချစ်မှုရေးရာ အခက်အခဲတွေ ကြုံလာရပါတော့တယ်။