2019 SBS Drama Awardမှာ ဆုပေါင်း ၈ဆုရရှိခဲ့ပြီး…Kim Nam Gilရဲ့ပထမဆုံး Daesangဆုကြီးကို ဆွတ်ခူးရရှိစေခဲ့တဲ့ The Fiery Priestဟာ…2024ခုနှစ်မှာ ပရိသတ်ကြီးရှေ့မှောက်ကို Season2အနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။Season2 မှာတော့ Season1 တုန်းက ပါဝင်ခဲ့တဲ့ Kim Nam Gil , Lee Hanee, Kim Sung Kyunတို့အပြင်..BiBi, Sung Joonနဲ့ Seo Hyunwooတို့ကပါ ပါဝင်သွားမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းဂင်ဟယ်အီဟာ ဒေါသကြီးပြီး မတရားမှုကို မျက်ကွယ်မပြုနိုင်တဲ့ ဖာသာတစ်ဦးပါ။တစ်နေ့မှာတော့ ဂူဒမ်ဒေသကနေ အစပြုခဲ့တဲ့ မူးယစ်ဆေးမှုကို လိုက်ရင်း….ဘူဆန်မြို့ကို ရောက်လာခဲ့ပါတော့တယ်။ ဘူဆန်မြို့ကြီးမှာ ဖာသာနဲ့အတူ…သူ့ရဲ့အပေါင်းအဖော်တွေက အမှုကို ဘယ်လိုစုံစမ်းရှာဖွေကြမလဲ။ ဒေါသကြီးတဲ့ ဖာသာကရော…ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဟာသလေးနှောပြီး စိတ်လှုပ်ရှားစွာနဲ့… အပတ်စဥ် သောကြာ စနေနေ့တိုင်း ခံစားကြည့်ရှုလိုက်ကြရအောင်နော်။