Los reyes de oriente FHD

Los reyes de oriente

Crime Drama FHD 2024-09-25 4.5

ဒီနေ့မှာတော့ အားလုံးကို Spain Netflix series ကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Mexico နိုင်ငံရဲ့မြိုနယ်လေးတစ်မြိုဖြစ်တဲ့  Iztapalapa မှာ “ခါဗို,ဆန်းတိုစ် နဲ့ မိုက်ခ်” ဆိုတဲ့ လူငယ် ၃ ယောက်ရှိပါတယ်။ အဲဒီထဲကမှခါဗို နဲ့ ဆန်းတိုစ်က အတူတူကြီးပြင်းလာကြတဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ပြီး မိုက်ခ်ကတော့ ခါဗိုအစ်ကိုပါ။ရာဇဝတ်မှု နဲ့ နိုင်ငံရေးလုပ်ပြီး ငွေရှာလိုကောင်းတဲ့ Iztapalapa မှာဆန်းတိုစ် နဲ့ မိုက်ခ်က ရဲအရာရှိတွေဖြစ်ပြီး နိုင်ငံရေးတွေ တရားဥပဒေတွေနဲ့သိပ်ကီးမကိုက်လှတဲ့ လူဆိုးလေး ခါဗိုကတော့ရာဇဝတ်မှုတွေကျူးလွန်ပြီး ငွေရှာနေသူတစ်ယောက်ပါ။ခါဗိုက ဦးလေးဖြစ်သူ တိုင်ဂူရာနဲ့ပေါင်းပြီး သူတတ်တဲ့နည်းပညာနဲ့ကားတွေကိုခိုးလိုက် ရောင်းစားလိုက်နဲ့ ဒုစရိုက်အလုပ်မှာ ပျော်မွေ့နေသူပေါ့တစ်ဖက်မှာလည်း ခါဗိုရဲ့အမေ နဲ့ အဘွားဖြစ်သူတိုက လူဆိုးလေးခါဗိုရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြပါသေးတယ်။လူကလည်း ဆိုးပေသလို ပွေလည်းပွေတတ်တဲ့ ခါဗိုတစ်ယောက်ခြေငြိမ်နေရတဲ့အဓိကအကြောင်းအရင်းက သူငယ်ချင်းအရင်းကြီးဖြစ်သူ ဆန်းတိုစ်ရဲ့အမေ မယ်လင်နာဖြစ်နေတဲ့အခါ ..သူငယ်ချင်းရဲ့အမေနဲ့ဇယားရှုပ်မိရာကနေ ခါဗိုတစ်ယောက်ဘယ်လိုအရှပ်အထွေးတွေနဲ့ထပ်ရင်ဆိုင်ရဦးမလဲဆိုတာကိုစုစုပေါင်း အပိုင်း ၆ ပိုင်းနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

အပိုင်းများ

Season - 1