ပရိသတ်ကြီးတို့အတွက် The Worst of Evil ထဲက ဘဲကြီး Ji Chang Wook နဲ့အဆိုတော် BIBI၊ မင်းသားကြီး Jo Woo Jin ၊ ဝူယောင်းဝူထဲမှ နွေဦးရဲ့နေရောင်ခြည်လေးHa Yoon Kyung တို့ ပါဝင်ထားတဲ့ Action , Thriller ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း ~နေ့ဘက်မှာ လူတွေပျားပန်းခပ် သွားလာလှုပ်ရှားရာနေရာဖြစ်ပြီး ညဘက်မှာလည်းမီးအလင်းတွေ ထိန်ထိန်ညီးနေတတ်တဲ့ ဆိုးလ်မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ ဂန်နမ်မှာကွင်းဆက်လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။တစ်ချိန်တည်းမှာပဲ ဂန်နမ်ရဲ့ ဘားတစ်ခုမှာ အလုပ်လုပ်နေပြီး ပျောက်ဆုံးမှုရဲ့နောက်ကွယ်ကအဖြစ်မှန်ကိုသိထားတဲ့ တစ်ဦးတည်းသောသက်သေဖြစ်တဲ့ Jae Hui (BIBI) ဆိုသူပါပျောက်ဆုံးသွားတဲ့အခါမှာတော့..။ဒီလိုနဲ့ပဲ ဝရမ်းပြေးဖြစ်တဲ့ Yun Gil Ho (Ji Chang Wook) ၊ စုံထောက်ဖြစ်တဲ့Kang Dong Woo (Jo Woo Jin) နဲ့ အမှုစစ်ဖြစ်တဲ့ Min Seo Jin (Ha Yoon Kyung) တို့ကသီးခြားစီ သက်သေကို ရှာဖွေဖို့ ဖြစ်လာကြပါတော့တယ်။ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိကြတဲ့ သူတို့တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Jae Hui ကိုဘယ်လိုလိုက်ရှာကြမလဲ။သူတို့ရဲ့ရည်ရွယ်ချက်တွေကရော ဘာလဲ..။ပျောက်ဆုံးမှုရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကရော ဘာတွေလဲဆိုတာကိုတစ်ပတ်နှစ်ပိုင်းစီ ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။