Like a Dragon: Yakuza FHD

Like a Dragon: Yakuza

ယာကူဇာဆိုတဲ့ ဂျပန်ကလူမိုက်ဂိုဏ်းကြီးတွေကို မသိတဲ့လူရှိမှာတော့မဟုတ်ပါဘူး။ယာကူဇာတွေဆိုတာ ဟိုးအရင်ခေတ်ကတည်းကရှိလာခဲ့ပြီး အခုထက်ထိလည်းရှိနေသေးတဲ့ ဂျပန်မှာဆိုရင်အသံကြားတာနဲ့တောင် ကြောက်ရတဲ့လူမိုက်ဂိုဏ်းကြီးတွေဖြစ်ပါတယ်။အဲ့ဒါတွေကိုပိုထင်သာ မြင်သာရှိဖို့အတွက် Yakuzaဆိုတဲ့ဂိမ်းတွေထွက်ခဲ့ပြီး နာမည်လည်းတော်တော်ကြီးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Animated Movie တွေ Live Actionတွေလည်းအများကြီးထွက်ခဲ့ပါသေးတယ်။အခုတင်ဆက်ပေးမဲ့Series ကလည်း နာမည်ကြီးယာကူဇာဂိမ်းတွေထဲကLike a Dragon ရဲ့ Live Action Series ဖြစ်ပါတယ်။လက်ရှိ IMDb Rating 6.2 အထိရရှိထားပြီး ယာကူဇာတွေနဲ့ပတ်သတ်လာရင်တော့ကြည့်လို့ကောင်းမဲ့ Series ပဲဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ကြားမှာအခြေခံရိုက်ကူးထားတာဖြစ်ပြီး အဓိကဇာတ်ကောင်တွေကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေတဲ့မောင်နှမ ၄ ယောက်ပဲဖြစ်ပါတယ်။ဆွေမျိုးသားရင်းတော့မဟုတ်ပေမဲ့ မိဘမဲ့ဂေဟာမှာအတူတူနေလာတာကြာတော့ မောင်နှမအရင်းတွေလိုဖြစ်နေကြပါပြီ။ဒါပေမယ့်သူတို့က မိဘမဲ့ဂေဟာကြီးမှာပဲတစ်သက်လုံးမနေချင်တဲ့အတွက် ထွက်သွားဖို့ကြံစည်ကြပါတော့တယ်။၄ ယောက်လုံးထွက်သွားဖို့ ပိုက်ဆံလိုတဲ့အတွက် မြို့ထဲကစလော့ဂိမ်းဆိုင်ကြီးကိုသေချာအကွက်ချပြီးပိုက်ဆံဝင်ခိုးပါတော့တယ်။ရလာတဲ့ပိုက်ဆံတွေကအများကြီးဆိုပေမယ့် ဖြစ်ချင်တော့အဲ့ဒီစလော့ဂိမ်းဆိုင်ကြီးကို ယာကူဇာဂိုဏ်းကပိုင်တာဖြစ်တဲ့အတွက် နောက်နေ့မှာသူတို့ကိုလာဖမ်းပါတော့တယ်။အကုန်လုံးကိုသတ်ခါနီးမှာမှ ဂိုဏ်းထဲဝင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကယ်ပေါက်ရသွားခဲ့ပြီး နောက်ပိုင်းမှာတော့မောင်နှမ ၄ ယောက်လုံးတစ်ယောက်တစ်လမ်းစီသွားကြရင်းနဲ့ ကြီးမားကျယ်ပြန့်တဲ့ယာကူဇာလောကကြီးမှာဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ 

အပိုင်းများ

Season - 1