Brewing Love FHD

Brewing Love

Comedy Drama FHD 2024-11-04 8.3

ရိုမန့်စ်ဘုရင်မဖြစ်တဲ့ Business Proposal ထဲက မင်းသမီး Kim Se-jeong နဲ့Knight Flower ထဲက မင်းသား Lee Jong-won တို့ရဲ့ ရိုမန့်တစ်ဆန်ဆန်ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်း-ချယ်ယုံးဂျူ (Kim Se-jeong) ဟာ သွက်လက်တက်ကြွပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်ငြားခံစားချက်အမှန်ကို အမြဲဖုံးကွယ်ထားတတ်တဲ့သူလေးပေါ့။လက်ရှိမှာတော့ ယမကာကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းအရောင်းဘုရင်မရာထူးကို ရရှိထားသူပီပီ အလုပ်အရမ်းကြိုးစားပေမဲ့လည်းသူမလုပ်ကိုင်တဲ့ဌာနခွဲဟာ ပိတ်သိမ်းခံရမဲ့ ကိန်းစိုက်လာပါတော့တယ်။သူမဟာ ဌာနပိတ်သိမ်းခံရမှာကို ကာကွယ်ဖို့အတွက် ဘီယာအသစ်ရောင်းချဖို့ဆုံးဖြတ်ချက်ချပြီး ဘီယာချက်သူ တစ်ဖြစ်လဲ ဘီယာထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင်ယွန်းမင်ဂျူ (Lee Jong-won) နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။စိတ်ဆတ်ပေမဲ့ တခြားသူရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းအာရုံခံနိုင်တဲ့သူဖြစ်တဲ့ယွန်းမင်ဂျူရှေ့ကို ချယ်ယုံးဂျူတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ သူ့ဘဝဟာစတင်ပြောင်းလဲလာပါတော့တယ်။ဒီလိုနဲ့ အရောင်းသမလေးနဲ့ ဘီယာချက်တဲ့ကောင်လေးတို့ကြား ဘယ်လိုတွေဆက်ဖြစ်ပြီးချစ်ခြင်းတွေပေါက်ဖွားလာမလဲဆိုတာကို အတူ ရင်ခုန်စွာနဲ့  ကြည့်ရှုလိုက်ကြရအောင်နော်။