Midnight Family FHD

Midnight Family

Drama FHD 2024-09-24 7

ဒီဇာတ်လမ်းတွဲလေးကတော့ မက္ကဆီကိုမြို့က တာမာယိုဆိုတဲ့ ဆေးကျောင်းသူကောင်မလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သူမမှာ အဖေ၊ အစ်ကို၊ မောင်လေးနဲ့ သူမအပါအဝင် မိသားစုလေးယောက်ရှိပါတယ်။သတို့မိသားစုဟာ ဆေးဘက်အကူမျိုးရိုးဖြစ်ပြီး သူမက ရှားရှားပါးပါး တစ်မျိုးလုံးမှာ ဆရာဝန်ဖြစ်လာမဲ့ ဆေးကျောင်းသူလေးပေါ့။ဒီတော့ သူတို့လေးယောက်သားဟာ ဆေးလိုင်စင်မရှိတဲ့ ဆေးရုံကားကလေးနဲ့ မက္ကဆီကိုတစ်မြို့လုံးကို ပတ်ပြီး အရေးပေါ်လူနာတွေကို ကယ်ဆယ်ရေးဆင်းပြီးဆေးရုံတွေကနေ ဝန်ဆောင်ခယူကာ စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းရတယ်။အမေဖြစ်သူက သူတို့ကို ထားပစ်ခဲ့တဲ့အတွက် စိတ်ဒဏ်ရာကိုယ်စီ အခက်အခဲကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းနေကြတယ်။တစ်နေ့မှာတော့ မိတဆိုးသားသမီးတွေရဲ့ အားကိုးရာဖြစ်တဲ့ အဖေဖြစ်သူက ခွဲစိတ်မှရမဲ့ နှလုံးရောဂါရှိနေကြောင်း သိလိုက်ပေမဲ့ သားသမီးတွေကို မပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီလို လောကဓံအလယ်မှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဒီမိသားစုလေး သန်းခေါင်ယံမှာ သမာအာဇီဝကျကျ ငွေရှာရင်း အပြန်အလှန်ဖေးမကြပုံတွေကိုရယ်တလှည့် ငိုတလှည့်နဲ့ မိသားစုမေတ္တာကို ထင်ထင်ရှားရှား ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။