First Act (2023) “ကလေးသရုပ်ဆောင်များ”IMDb 7.3 ဒီတစ်ခါမှာတော့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ဟင်ဒီဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဖျော်ဖြေရေးမှာကလေးသရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍကလည်းတစ်ထောင့်တစ်နေရာမှာ ပါဝင်တာကိုသိကြမှာပါဒါပေမဲ့ သိတဲ့အတိုင်း သူတို့လေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်စွမ်း၊ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အတွက် မိဘတွေက အစစအရာရာလိုက်လံဖြည့်ဆည်းပေးရတာပေါ့ သူတို့ကို ဘာလို့သရုပ်ဆောင်ဖြစ်ချင်လဲမေးရင်တောင်ရေရေရာရာမဖြေနိုင်တဲ့ အရွယ်လေးတွေ ရိုက်ကွင်းမှာ သူတို့ဘယ်လိုတွေ့ကြုံရလဲအရင်ခေတ်က ကလေးသရုပ်ဆောင်တွေနဲ့ အခုခေတ်နဲ့ ဘယ်လိုကွာခြားမှုတွေရှိလဲကလေးမိဘတွေရဲ့ သောကအဖုံဖုံနဲ့ ဘယ်သူမှမသိရတဲ့ ကလေးသရုပ်ဆောင်လောကကအမှောင်ဘက်ခြမ်းကိုလည်း ပြည့်ပြည့်စုံစုံတင်ဆက်ထားတဲ့ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး