စိတ်ဝင်စားစရာအပြည့်နဲ့ ထူးထူးခြားခြားရိုက်ကူးထားတဲ့ တလေဂူးဇာတ်လမ်းတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။သိပ္ပံပညာရှင်ကြီးဗစ်ရှက်ခ်တစ်ယောက် နိုဘယ်ဆုကိုလက်ခံပြီးကတည်းက သူ့ကိုယ်ပိုင်ကျွန်းဆီကနေထွက်ခွာခြင်းမရှိခဲ့ပါဘူး။ကောလာဟလတွေအရတော့ ကျွန်းပေါ်မှာပဲ တစ်ခုခုကို တီထွင်နေခဲ့တာတဲ့။ဒါပေမဲ့ တစ်နေ့ လေယာဉ်ပျက်ကျသွားလို့ ဗစ်ရှက်ခ်ဆုံးပါးသွားခဲ့ပြီးတဲ့နောက်မတူညီတဲ့နေရာတွေက လူတွေဆီကို စာတစ်စောင်ရောက်လာခဲ့ပါတယ်။သိပ္ပံပညာရှင်ကြီးဗစ်ရှက်ခ်ရဲ့ ကျန်ခဲ့တဲ့အမွေတွေကို လက်ခံဖို့ရာ ကျွန်းဆီလာခဲ့ဖို့ဖိတ်ထားတဲ့စာ။များပြားလှတဲ့အမွေတွေကိုမက်ပြီး ကျွန်းဆီကို လာခဲ့ကြပေမဲ့ အမွေကိုချက်ချင်းပေးမှာမဟုတ်ဘဲကျွန်းပေါ်မှာ တစ်ပတ်နေမှရမယ်လို့ဆိုပါတယ်။