အက်ရှင် seriesတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာဆိုရင် Exo M အဖွဲ့ရဲ့ main dancer lay ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပုံစံနဲ့ မိမိုက်ချောမောနေတဲ့ layကိုပါ အဆစ်ကြည့်ရမှာပါနော် နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးကြီးတွေလည်း အများကြီး ပါဝင်အားဖြည့်ထားတာမို့လို့ တကယ်ကို ကြည့်ရတာတန်မဲ့ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့… ရဲဝန်ထမ်း Li Cheng Yang ဟာ အမှုတစ်ခုကို ဖြေရှင်းဖို့ကြိုးစားရင်း မကောင်းတဲ့လက်နက်ကိုင်အဖွဲ့နဲ့ အထက်လူကြီး ချောက်ချတာခံရပြီး ထောင်ကျသွားခဲ့ပါတယ် ဒါပေမဲ့ ကံကောင်းထောက်မစွာ တရုတ်နိုင်ငံရေး ဆိုဗီယက်ဆိုင်ရာဝန်ထမ်းဌာနနဲ့ အဓိက ကြီးကြပ်ရေးမှုးဌာနတို့ရဲ့ ဦးဆောင်မှုကြောင့် ထောင်မှ ပြန်လွတ်လာပြီး ဌာနမျိုးစုံက လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ကို ဝင်လိုက်ရပါတယ်