1980 ကာလနောက်ခံ အထက်တန်းကျောင်းသူကျောင်းသားလေးတွေကိုမှMetal ဂီတသံစဉ်တွေနဲ့ နတ်ဆိုးကိုးကွယ်မှု အစွန်းရောက်ဂိုဏ်းတွေသဘာဝလွန်ဖြစ်ရပ်တွေတို့ စသဖြင့် လျှို့ဝှက်ဆန်းကြယ်မှုတွေပဟေဠိတွေနဲ့ တည်ဆောက်ထားတဲ့ ၈ ပိုင်းပါ စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ထူးထူးခြားခြား ဒီစီးရီးလေးထဲမှာ သရဲတွေ နတ်ဆိုးတွေနဲ့ အကျိုးပေးတဲ့Evil Dead မင်းသားကြီး Bruce Campbell ကလည်း ရဲမှူးကြီးအဖြစ် ပါဝင်ပေးထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလန်ဆိုတဲ့ကောင်လေးက ကျောင်းမှာ သူ့ကိုဘယ်သူမှ မသိကြ ဂရုမစိုက်ခံရတဲ့ ကိုယ်ပျောက်လူသားလေး။သူ့ ဘော်ဒါ ၂ ယောက်နဲ့အတူ Metal တီးဝိုင်းလေး ထောင်ထားပြီးဂိုထောင်ဖျော်ဖြေပွဲလေးလုပ်ဖို့ ကြိုးစားနေကြတာပေါ့။သူ ကြိုက်နေတဲ့ကောင်မလေးကလည်း သူ့ကို ယောင်လို့တောင်အီးလှည့်ပေါက်တဲ့ဟာမျိုး မဟုတ်ဘူး။ဒါပေမဲ့ တစ်ရက်ကျ သူတို့မြို့လေးမှာ ထူးဆန်းတာ ဖြစ်သွားခဲ့တယ်။သူတို့ကျောင်းရဲ့ နာမည်ကျော် ဘောလုံးသမားတစ်ယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပျောက်သွားခဲ့တယ်။အဲဒီမှာ ကျန်ခဲ့တဲ့ သဲလွန်စတွေကလည်း စေတန်ကိုးကွယ်သူ အစွန်းရောက်အဖွဲ့တွေရဲ့ လက်ချက်လိုလို ဘာလိုလိုပေါ့။ဒီမှာတင် မောင်ဒီလန်တစ်ယောက် တစ်မြို့လုံးကလည်း ဒီစေတန်ကိစ္စကို စိတ်ဝင်စားနေကြတယ်အဓိကတော့ သူခရက်ရှ်နေတဲ့ကောင်မလေးကပေါ့ ထူးထူးခြားခြား စကားတွေပါ လာပြောနေတော့သူတို့ Metal တီးဝိုင်းကလည်း ပြန်တွေးကြည့်ရင် စေတန်နဲ့ ဆက်စပ်တယ်ဒီတော့ သူတို့ကလည်း စေတန်ကိုးကွယ်သူ တီးဝိုင်း ဘာညာဆိုပြီးဖောရှောရိုက်ရာကနေ ဒီမြို့လေးမှာ ဘယ်လိုမျိုးထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံရမလဲ ဆိုတာတော့….။သူ့ စတိုင်လေးကတော့ 1980 Theme ယူထားတော့ IT တို့ Stranger Thing တို့လိုလည်းဖြစ်Slasher ရုပ်ရှင်ဆန်ဆန် Supernatural Horror လေးရော Cult Horror ဆန်ဆန်လေးရောဆိုတော့စိတ်ဝင်စားဖို့ကောင်းတာအမှန်ပဲ။ Rating အရလည်း မဆိုးဘူးပြောရမယ့်အနေအထားဆိုတော့ဒီ ၈ ပိုင်းလုံးက Watchlist ထဲ ထည့်ဖို့ လုံလောက်သွားပြီလို့ အကြံပေးချင်ပါတယ်ဗျာ။