Disney plus ကနေ အသစ်ထွက်ထားတဲ့တမီလ်စကားပြော အက်ရှင်ဒရာမာစီးရီးလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲဟာရင် ဈေးတစ်ခုထဲမှာနေကြတဲ့တောက်တိုမည်ရလူငယ်လေလေးယောက်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။တောက်တိုမည်ရ ဘဝကနေ အာချီမက်စ်ဆိုတဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး ပုံရိပ်တည်ဆောက်ဖို့ကြိုးစားကြတဲ့ လူငယ်လေးလေးယောက်။သူတို့လေးယောက်ဟာ တည်ဆောက်ထားတဲ့ပုံရိပ်ကိုထိန်းသိမ်းဖို့ကြိုးစားရင်း နိုင်ငံရေးသမားတွေရဲ့ကစားကွက်မှာ အမှတ်မထင်ကြားညှပ်ကာတဖြည်းဖြည်း ဂိုဏ်းစတားတွေလို ဖြစ်လာကြပုံကိုဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။