Bench Life S1 2024 (အရန်ရာထူးဘဝအတွေ့အကြုံများ)ယခုတစ်ခါမှာတော့ အပိုင်း၅ပိုင်းပါဝင်တဲ့တေလ်ဂူစီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအိုင်တီကုမ္ပဏီတစ်ခုမှာ ပရောဂျက်ရှိရင် အလုပ်တွေဆက်တိုက်လုပ်ရပြီးပရောဂျက်မရှိဘူးဆိုရင် အလုပ်မလုပ်ရဘဲ ထိုင်နေရင်းနဲ့ လစာရတဲ့အရန်နေရာရာထူးဆိုပြီး ရှိပါတယ်။ ဒီအရန်နေရာကို လိုချင်တဲ့သူလည်းရှိသလို လုပ်ငန်းတိုးတက်မှုမရှိတဲ့အတွက် မလိုချင်တဲ့သူလည်းရှိပါတယ်။ဘာလူ,ရာဗီ နဲ့ မီနာ့ခ်ရှီ တို့ကတော့ အရန်နေရာကို လိုချင်ကြတဲ့သူတွေအုပ်စုထဲကပေါ့။သူတို့အကြောင်းကို ပြောပြရမယ်ဆိုရင် ဘာလူကတော့ သူနဲ့အတူတူ အလုပ်စဝင်ခဲ့တဲ့အီရှာဆိုတဲ့ကောင်မလေးကို ချစ်မိနေပေမယ့် အီရှာက သူ့အဖွဲ့သားတွေကလွဲရင်ခပ်တန်းတန်းပဲနေတဲ့အတွက် အရန်နေရာကို အရယူပြီး အဲဒီကတဆင့်အီရှာတို့အဖွဲ့ကို ဝင်ဖို့အကြံနဲ့ အရန်နေရာကို ရဖို့အတွက်အခွင့်အရေးအမြဲချောင်းနေသူတစ်ယောက်ပေါ့။ရာဗီနဲ့ မီနာ့ခ်ရှီတို့တော့တော့ အရန်နေရာကို ရရှိထားပြီးသူတွေဖြစ်ပါတယ်။ရာဗီကတော့ အရန်နေရာကိုရသွားရင် ငယ်ငယ်က ပိုက်ဆံမရှိလို့ မသွားခဲ့ရတဲ့အပျော်ခရီးတွေကို ထွက်မယ်လို့ ကြံရွယ်ထားတဲ့အတိုင်းအရန်နေရာကိုရတော့ သူ ဘယ်လိုခရီးစဉ်တွေ ထွက်ဖြစ်မလဲပေါ့။မီနာ့ခ်ရှီကတော့ ဒါရိုက်တာအလုပ်ကို ဝါသနာထုံသူဖြစ်ပေမယ့် ဒီအလုပ်ရဲ့လစာမရှိရင်လည်းဒါရိုက်တာလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် အရန်နေရာကို အရယူပြီးအလုပ်ကနေလစ်လစ်ပြီး ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ဒီလိုနဲ့ သူတို့၃ယောက်ရဲ့ ဇာတ်လမ်းမှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုရမယ့် ဟာသနှောထားတဲ့ ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။