ဇာတ်လမ်းအကျဉ်းကတော့ နီလန်ဂျန်ဆိုတဲ့ကောင်လေးနဲ့ သူ့အမေတို့ သားအမိနှစ်ယောက်တည်း နေထိုင်လာခဲ့ရာမှာကာလ်ကတ္တားက နာမည်ကြီး KIST ကောလိပ်မှာနီလန်ဂျန် ဝင်ခွင့်ရသွားတော့ အမေနဲ့ခွဲရဖို့ ဖြစ်လာတယ်ချစ်ပေမယ့် အလိုမလိုက်တဲ့အမေ့စကားကြောင့်ကာလ်ကတ္တားကို ရောက်လာတဲ့ နီလန်ဂျန်…ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုသူတို့ကျောင်းက စီနီယာဇိုးတွေအနိုင်ကျင့်ခြင်းကိုခံရတဲ့နောက် အဆုံးစွန်လုပ်ရပ်တစ်ခုကို လုပ်မိလိုက်တဲ့အခါမိခင်ဖြစ်သူက ပူပင်သောကဝေပြီး လိုက်လံစုံစမ်းရပါတော့တယ်အိန္ဒိယပညာရေးရဲ့ အမှောင်ဘက်ခြမ်းကိုမီးမောင်းထိုးပြထားတဲ့ ဒီစီးရီးလေးမှာ ဆက်လက်အားပေးကြပါဦး