A Beautiful Lie 你的谎言也动听 FHD

A Beautiful Lie 你的谎言也动听

Drama FHD 2024-10-19 8.3

တရုတ်ကားဖန်တွေအတွက် အရိုလွန်မယ့် ဆရာဝန်ကိုကိုနဲ့ခါတော်မှီ ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်…ဇာတ်လမ်းလေးကိုမပြောခင်မှာ Visual တွေနဲ့ မိမိုက်နေတဲ့မင်းသားကိုရှိုးရမယ်ဆို… Goodbye My Princess ထဲက Chen Xing Xu ဖြစ်လို့ပေါင်မုန့်စားရမှာမပူနဲ့ တစ်ဖက်က မင်းသမီးကိုလည်း ကြည့်လိုက်ဦးနော်…န်းဂထဲကထွက်လာတဲ့ အလှပဂေး Zhang Yu Xiဆိုမှတော့ကာရိုက်တာနဲ့ ကွက်တိကျနေတာပေါ့… ဒါရိုက်တာကြီးကိုလည်း ကြည့်လိုက်ဦးနော်…သိပ်သိပ်သိပ်ချစ်တဲ့ Tang Yan X Luo Jin လင်မယားရဲ့ ချိုမြိန်တဲ့ပုံရိပ်တွေကိုပုံဖော်ခဲ့တဲ့ The Princess Wei Young ရဲ့ ပဲ့ကိုင်ရှင်ဆိုမှတော့ သူ့လက်ထဲမှာCP ပုံရိပ်ချိုချိုလေးတွေ ရမှာအသေအချာပဲ…ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသသဘာဝဘေးအန္တရာယ်ကြုံကြိုက်ချိန်မှာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့သွားရောက်ကယ်ခဲ့တယ်…ဒါက မထူးခြားပေမယ့် ထူးခြားတာကသရုပ်ဆောင်မင်းသမီး ချင်ဖေးပါသွားတာပါပဲ… ဒီတော့ အားလုံးကချင်ဖေးက ဟန်လုပ်ဖို့သွားတယ်… နာမည်ကြီးချင်လို့ပဲ ထင်ကြပေမယ်…သူ့ရဲ့စိတ်ရင်းမှန်နဲ့ စိတ်ထားကောင်းတာကို မြင်တွေ့လာကြပြီးနောက်မှာတော့ဆေးအဖွဲ့မှူး ရှင်းကျစ်ကျစ်ကစပြီး အားလုံး အမြင်ပြောင်းလာခဲ့ပါတယ်…တကယ်တော့ ချင်ဖေးဟာ တစ်ချိန်က မတော်တဆအမှုကြောင့် သူသိပ်ချစ်ရတဲ့အကကို ဆုံးရှုံးခဲ့ရတဲ့သူပါ… တိုက်ဆိုင်စွာနဲ့ သူ့ကိုကယ်ခဲ့တာကရှင်းကျစ်ကျစ် ဖြစ်နေပါတယ်.. ဒီတိုက်ဆိုင်မှုတွေအပေါ် ချင်ဖေးတစ်ယောက်ဘယ်လိုမြင်မှာလဲ… ရှင်းကျစ်ကျစ်ကရော ချင်ဖေးက သူကယ်ခဲ့တဲ့သူဆိုတာကိုတကယ်ပဲမေ့နေတာလား… သေချာတာကတော့ တစ်ချိန်ကကံတရားရဲ့ကျီစားမှုတစ်ခုကြောင့် သူတို့တွေ့ခဲ့ရပြီး… အခုတစ်ဖန်ပြန်ဆုံတွေ့ကြရတာပါပဲ…ဒီလို နတ်ဖူးစာဆုံတဲ့ သူတို့ ၂ ယောက် အချစ်မျိုးစေ့လေးဘယ်လိုပွင့်လန်းလာမယ်ဆိုတာကိုတော့  နဲ့အတူ ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်နော်…သူ့မဟေသီပိုပိုတို့ရဲ့ A beautiful lie ဆိုတဲ့ကားလေးကို