Sarpanchi FHD

Sarpanchi

Drama FHD 2024-08-15 8.3

ပန်ချာပီကျေးရွာလူနေမှုနဲ့ ယဉ်ကျေးမှုအကြောင်း တစေ့တစောင်းရှုစားနိုင်မယ့်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးထဲမှာတော့ အိပ်မက်တွေနဲ့ လူငယ်တစ်ယောက်ခေတ်စနစ်ရဲ့ဝါးမြိုမှုအောက်ကနေ သူ့ရဲ့ရွာလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားရမှာပါ။လယ်ယာစိုက်ပျိုးရေးကို အဓိကထားအသက်မွေးကြတဲ့ ပန်ချာပီရွာငယ်လေးမှာသူကြီးရွေးကောက်ပွဲအသစ်လုပ်ရဖို့ ဖြစ်လာချိန်မှာတော့ရွာကလယသမားတွေအဖို့ စိုးရိမ်စရာတွေ ဖြစ်လာပါတော့တယ်။ဘာလို့လဲဆိုတော့ ရွာကလယ်ကွက်တွေကို မျက်စိကျနေတဲ့ကန်ထရိုက်သမားတွေနဲ့ လေပေးဖြောင့်ပြီး လယ်မြေတွေကိုရောင်းစားချင်နေတဲ့ မဟာဆင်းဂ်က သူတို့ရွာမှာ ဩဇာညောင်းတဲ့သူဖြစ်နေပြီးတော့သူကြီးအသစ်ကိုလည်း သူ့လူမူခန်းကိုထည့်ပြီး လုပ်စားဖို့ အကြံကြီး အကြီးကြံနေလို့ပါပဲ။ဒီတော့ တစ်ဖက်ကရွာသားတွေကလည်း ရွာရောင်းစားမခံရရေးအတွက်လူငယ်ပညာတတ်ဖြစ်တဲ့ မူခန်းရဲ့တူဖြစ်သူ ဘန်တဲကိုမူခန်းနဲ့ သူကြီးနေရာအတွက် ယှဉ်ပြိုင်ခိုင်းတဲ့အခါ…တစ်ဖက်နဲ့တစ်ဖက် အကွက်မျိုးစုံချရင်းသူကြီးနေရာအတွက်အားပြိုင်မှုမှာဘယ်သူကများအနိုင်ရမလဲဆိုတာ ရှုစားကြပါဦး။

အပိုင်းများ

Season - 1