ခွမ်ရူထိုင်ထဲက ဒေါက်တာချတ်ရဲ့ မမနဲ့မောင်လေးဇာတ်လမ်းကိုမှ အလောင်လေးတစ်ဖြတ်ရှုစားရမယ့်ချိုတစ်လှည့်ခါးတစ်လှည့် romanceလေးကို တင်ဆက်ပေးလိုက်ပါပြီ။Drama Queen Matt ရဲ့ comeback ဇာတ်ကားလေးလည်းဖြစ်တာမလို့ ဘယ်လိုလာဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။နာမည်ကြီးlivestreamerဖြစ်တဲ့လင်းဟာ Lin Sells Allဆိုတဲ့ online shopရဲ့သူဌေးပေါ့။လိုက်ဖ်လွှင့်တဲ့သူဆိုပေမဲ့ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်မလို့ရောင်းသမျှကုန်တဲ့အပြင် တစ်ခါလိုက်ဖ်လွှင့်ရင် သန်းနဲ့ချီရတဲ့ဆယ်လီကြီးပေါ့။ဒါပေမဲ့ လူမမြင်ကွယ်ရာကလင်းကတော့ လုပ်ငန်းရှင်ကြီးရဲ့ခင်ပွန်းဖြစ်သူဆန်နဲ့ကွယ်ရာမှာဇာတ်လမ်းလေးတွေနဲ့ Friend with benefits လို့အမည်တပ်ရင်း နောက်မီးလင်းနေတာပေါ့။ဆက်ဆံရေးတစ်ခုကို အကျိုးအမြတ်လို့ပဲသဘောထားတဲ့လင်းရဲ့ဘဝထဲကို“အချစ်” ဆိုတဲ့ စကားလုံးလေး ဝင်ရောက်လာချိန်မှာ သူချစ်မိတဲ့သူ ခတာ ကသူနဲ့ဇယားရှုပ်ထားတဲ့ ဆန် နဲ့ သူ့ကို တူးတူးခါးခါးမုန်းနေတဲ့ ဆန်ရဲ့မဟေသီ ကိတ် ရဲ့သား ဖြစ်နေတဲ့အခါ…ရှုပ်ထွေးပွေလီမှုတွေများလွန်းတဲ့ လေးပွင့်ဆိုင်ပတ်သက်မှုကြားကလင်းနဲ့ခတာရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲဆိုတာ စီအမ်နဲ့အတူ ရှုစားလိုက်ရအောင