မင်းသားက ရှန်တာနူမဟေ့ရှ်ဝါရီ။ သူက ရုပ်သံဇာတ်လမ်းတွဲတွေ အရိုက်များပြီး ကာရိုက်တာစုံပိုင်နိုင်တဲ့လူငယ်မင်းသားတစ်လက်။ မင်းသမီးက London Files(2022)ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့မယ်ဒါရာနာ၊ ဘောလိ၀ုဒ်ပရိသတ်တွေ ချီးကျူးခံရတဲ့ တက်သစ်စမင်းသမီးတစ်ယောက်။အခုတင်ဆက်ပေးမဲ့ အပိုင်းငါးပိုင်းနဲ့ ဟင်ဒီရိုမန့်စ်ရုပ်သံစီးရီးမှာ သူတို့နှစ်ယောက်အဓိကပါဝင်ထားပါတယ်။နာမန်ဆိုတာ နယ်မြို့လေးက မုန့်ဆိုင်ပိုင်ရှင်ကောင်လေးတစ်ယောက်။ အဘိုးလက်ထပ်ကတည်းကဖွင့်ခဲ့တဲ့ သူတို့မုန့်ဆိုင်လေးက နာမည်တော်တော်ကြီးပါတယ်။ မွမ်ဘိုင်းကို ညီမဖြစ်သူမင်္ဂလာဆောင်မှာဓာတ်ပုံရိုက်ပေးဖို့ ပထမဆုံးလေယာဉ်စီးရမှာမို့ ကြောက်နေတဲ့ကောင်လေးပေါ့။ကာဗ်ယာဆိုတဲ့ကောင်မလေးကတော့ စတိုင်လစ်တစ်ယောက်။ အလုပ်ကိစ္စနဲ့နာမန်တို့မြို့ကိုလာပြီးမွမ်ဘိုင်းကိုပြန်ဖို့ လေဆိပ်မှာ အကြောင်းတရာတစ်ခုကြောင့် နာမန်နဲ့တွေ့ပြီး ရင်းနီးသွားခဲ့ကြ။ကာဗ်ယာက အချစ်ကိုအယုံအကြည်မရှိတဲ့ ရဲတင်းသွက်လက်တဲ့ကောင်မလေးတစ်ယောက်။ နာမန်ကတော့ကာဗ်ယာနဲ့ အတူရှိလေလေ ခံစားချက်တွေ ပေါက်ဖွားလာလေလေဖြစ်နေတဲ့ ရိုးရိုးအအကောင်လေးပေါ့။လေဆိပ်မှာပဲ တဝဲလည်လည်ဖြစ်နေဖို့ ကံပါလာတဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်လာမှုတွေကိုခံစားကြည့်ရှုကြပါဦး။