ဒါဝိရဲ့My ambulance ထဲက သိပ်ချစ်တတ်တဲ့မောင်လေး ချလမ် နေရာကသရုပ်ဆောင်ခဲ့တဲ့ Skyကိုအလံနီကောင်ဇိုးလေးအဖြစ်မြင်ရမယ့် High School FrenemySchool 2013 korea ဇာတ်လမ်းတွဲလေးကို ထိုင်းဗားရှင်းလေးနဲ့ တစ်မျိုးဆန်းသစ်လို့ ရှုစားရမှာဖြစ်လို့ကျောင်းသားကားလေးတွေ မျှော်နေသူတွေအတွက် ရွေးချယ်စရာရုပ်ရှင်တစ်ကားဖြစ်လာမှာပါ။အမြဲရန်ဘက်ဖြစ်နေတဲ့ ကျောင်းနှစ်ကျောင်းကို တစ်ကျောင်းတည်းပေါင်းဖို့ဖြစ်လာတဲ့ ကံကြမ္မာဇာတ်ဆရာရဲ့လှည့်ကွက်နဲ့ကျောင်းနှစ်ကျောင်းရဲ့ လူမိုက်ခေါင်းဆောင် စိန့်နဲ့ရှင်းတို့နှစ်ယောက် ထိပ်တိုက်တွေ့ဖို့ဖြစ်လာတဲ့အခါ…တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပါရဲ့နဲ့ အခုချိန်မှာ မြင်တာနဲ့ချိန်းထိုးနေကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ။ကျောင်းနှစ်ကျောင်းကဆရာတွေကရော ကျောင်းတော်ကရန်စတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရှုစားကြပါဦး။