မကြာခင်ထွက်ရှိလာတော့မယ့် ပလူတိုဝတ္ထုရဲ့ စာရေးဆရာရဲ့ လက်ရာသစ်တစ်ခုဖြစ်တဲ့ Apple my loveမျက်နှာသစ်သရုပ်ဆောင်လေးတွေနဲ့ နုနုရွရွဒီဇာတ်ကားလေးကိုရော ဘယ်လိုတွေပုံဖော်ကြမလဲဆိုတာ နဲ့အတူ ရှုစားပေးကြပါဦး။၃ နှစ်ကြာ မျက်လုံးကွယ်နေပြီးမှ မျက်လုံးခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ဒီမိန်းကလေးကို ခရစ်တစ်ယောက်ရှာဖို့ကြိုးစားပေမဲ့ မျက်ဝန်းတစ်စုံကိုပဲ ထူးဆန်းစွာမှတ်မိနေပါသတဲ့။ဒီမျက်ဝန်းလေးကိုပဲ မေ့မသွားအောင် ထပ်ခါတလဲလဲပုံဆွဲနေရင်းနဲ့ မသိစိတ်ကနေတိတ်တခိုးစွဲလမ်းနေမိတဲ့ခရစ်တစ်ယောက် မျက်ဝန်းပိုင်ရှင်ကန်နဲ့ အပြင်မှာဆုံဖို့ဖြစ်လာတဲ့အခါ…အိပ်မက်ထဲကမျက်ဝန်းတစ်စုံကနေ အစပြုခဲ့တဲ့ ခရစ်နဲ့ကန်တို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုခရီးဆက်ကြမလဲဆိုတာ အခုပဲကိုယ်တိုင်ကြည့်ရှုလို့ အဖြေရှာလိုက်ရအောင်ပါ။