Love by chanceနဲ့ My only 12% ထဲကမင်းသား Earth နဲ့ 2Moons ထဲက Bas တို့ CP အတွဲကိုယ်စီနဲ့အပြိုင်ကြဲမယ့် တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါပြီ။ကျောင်းတော်ကြီးအလွမ်းပြေလေးကိုမှ အဆင်တစ်သိုက်ကိုရှုစားရမှာဖြစ်လို့ ဖူဂျိုမမတွေရဲ့ ရွှေရင်အေးလေးဖြစ်စေမှာပါ။အီစတာတစ်ယောက် ပထမနှစ်တက်ရတော့မယ်ဆိုတော့ အိမ်နဲ့နီးနီးနားနားမရွေးဘဲ တဝေးတလံက မြောက်ပိုင်းက တက္ကသိုလ်ကိုရွေးချယ်ပါသတဲ့။အကြောင်းကတော့ သူ့ရဲ့ချစ်သူ ဟီရူ နဲ့ သူနဲ့ကြားက မရေရာမသေချာတဲ့ဆက်ဆံရေးကြောင့် ထရော်မာရပြီး ဟီရူရဲ့အရိပ်တွေမရှိတဲ့ အဝေးဆုံးကိုထွက်လာခဲ့တာပါ။အဲဒီမှာ အဆောင်မှာတစ်ခန်းတည်းတွေ့ရသူကတော့ နော့ဆိုတဲ့ကောင်လေးပါပဲ။ဒီလိုနဲ့ တကယ်တမ်းကျောင်းစတက်တော့ တာရှောင်နေတဲ့exနဲ့မှ တန်းတွေ့တဲ့အဖြစ်နဲ့ကြုံပြီးနော့တစ်ယောက်ကလည်း ကျောင်းကဘတ်ဘွိုင်းလေးနဲ့ ဇာတ်ရှုပ်လေးတွေ ဖြစ်ထားမိတဲ့အခါမှာ ဘာတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦး။